Sunday, July 18, 2010

ပညာဒါနသင်တန်း တက်လိုသူများသို့ -

ကျွန်တော်တို့ ပညာဒါနသင်တန်းများကို အရှိန်အဟုန်ဖြင့် ဖွင့်လှစ်နေပြီ ဖြစ်ပါသည်။
(အရှိန်အဟုန် ဟု ဆိုရခြင်းမှာ ကျွန်တော်တို့သာမက အခြားအဖွဲ့များကပါ တနင်္ဂနွေတစ်နေ့လုံးလိုလို အင်တိုက်အားတိုက် ဖွင့်လှစ်သင်ကြားပေးနေခြင်းကြောင့် ဖြစ်ပါသည်။)

ဖွင့်လှစ်သင်ကြားပေးသော သင်တန်းများ

၁။ အင်္ဂလိပ်စာ (English proficiency course, Intermediate Level)
၂။ Piping Engineering and Basic Engineering Maths
၃။ Data Entry, Report
၎။ MYOB (Accounting)

မိမိတို့စိတ်ဝင်စားသော သင်တန်းများကို ရွေးချယ်တက်နိုင်ပါသည်။
သင်တန်းတက်လိုလျှင် ဖုံးနံပါတ် - 90980057 သို့ မိမိနာမည်၊ IC/FIN No. ၊ တက်လိုသောသင်တန်း စသည်တို့ကို sms ပို့ကာ register လုပ်နိုင်ပါသည်။

အင်္ဂလိပ်စာ သင်တန်းမှာ Intermediate level ဖြစ်၍ အခြေခံနည်းသူများ မလိုက်နိုင်သည်ကို တွေ့ရပါသည်။ သို့အတွက် အခြေခံသင်တန်းမှ စတက်လိုလျှင် English (Basic) ဟု စာရင်းပေးပါရန်။ သို့မှ ကျွန်တော်တို့ Basic Class နှင့် Intermediate Class ကို ခွဲနိုင်ပါမည်။

Piping Engineering ကို ပိုက်လုပ်ငန်းနှင့် ပတ်သက်လုပ်ကိုင်နေသူများ တက်နိုင်ပါသည်။ သို့သော် Basic Engineering Maths အတွက်မူ အတွက်အချက်များမှာ သင်္ချာ အခြေခံလိုပါသည်။ အနည်းဆုံးတော့ Geometry နှင့် Trigo တတ်မြောက်ပြီးသူများ ဖြစ်ရပါမည်။ နို့မို့နားလည်နိုင်ရန် မလွယ်ပါ။

Data Entry နှင့် Survey/ Report သင်တန်းတက်လိုသူများမှာ အနည်းဆုံး QC/Supervisor အဆင့်များ ဖြစ်သင့်ပါသည်။ သို့မဟုတ်လျှင် နားလည်ရန် ခက်ပါလိမ့်မည်။ ကွန်ပြူတာလည်း ကိုင်တတ်ရပါမည်။

ကျွန်တော်တို့သင်တန်းများမှာ ကွန်ပြူတာနှင့် အင်တာနက် သုံးတတ်သူများအတွက် ပိုမိုအကျိုးရှိပါမည်။ သို့သော် မသုံးတတ်သူများ/မရှိသူများ အတွက်လည်း ဖြစ်နိုင်အောင်လုပ်ပေးရပါမည်။ ကွန်ပြူတာမရှိလို့ မသင်ရဆိုလျှင် တရားမည်မဟုတ်ပါ။

AutoCAD သင်လိုသူများ စာရင်းပေးပါ။ သင်ပေးမည့်သူ ရှိပါသည်။ သင်တန်းဖွင့်လောက်သည့် ဦးရေရလျှင် အချိန်နှင့်နေရာ ကျွန်တော်စီစဉ်ပေးပါမည်။ တစ်ခုရှိသည်မှာ AutoCAD သင်ဘို့ ကွန်ပြူတာ လိုပါသည်။ ကျွန်တော့်အနေနှင့် laptop နှစ်လုံး၊ မိတ်ဆွေထံမှ တစ်လုံး၊ ဆရာ့ထံမှ တစ်လုံး စုစုပေါင်း လေးလုံးလောက် စီစဉ်ပေးနိုင်ပါသည်။ သို့သော် တက်ချင်သူ ၂၀ ခန့်ဆိုပါမူ ကိုယ့်ဘာသာကိုယ် စီစဉ်မှ ဖြစ်ပါလိမ့်မည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ပညာဒါနအဖွဲ့
18 July, 2010

No comments:

Post a Comment