Monday, June 28, 2010

Next Class will be open soon

ဝမ်းသာစရာသတင်း -

ကျွန်တော်တို့ အခန်းရပြီ။ အင်မတန် အင်္ဂလိပ်စာ သင်ပေးချင်နေတဲ့ ကိုသက်နိုင်စိုးဆိုတဲ့ လူငယ်လေးက Sembawang ဆရာတော်ကို စာသင်ဘို့အတွက် သူ့အခန်း လှူလိုက်သတဲ့ (သာဓု၊ သာဓု၊ သာဓု)။
ဒီနေ့ ဆရာတော်နဲ့ ဆက်ပေးတာက Lotus Foundation က ကျောင်းဆရာလူထွက် ကိုကျော်ဝဏ္ဏ။
အတိုချုံးကြပါစို့။ သူတို့က အဲဒီအခန်းလေးမှာ တရုတ်စာ၊ အင်္ဂလိပ်စာ၊ မြန်မာစာ (ကလေးတွေအတွက်) သင်ပေးမယ်။ သင်တန်းက မွန်းလွဲ ၃ နာရီမှာ စမယ်။

ဒီတော့ ကျွန်တော်ကလည်း ကျွန်တော့်အခက်အခဲပြောပြတော့ ဟာ၊ လာပါ၊ ရပါတယ် တဲ့။ (ပညာဒါန သင်တန်းတွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက ကိုသက်နိုင်နဲ့ ကိုယ်နဲ့တစ်ခါ တွေ့ဖူးတယ်။)

ကိုင်းပြောနေကြာရော့။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ ကိုယ့်ဆရာတွေ၊ ဆရာမတွေဆီဖုံးဆက် ပြောပြ။ သူတို့လည်း ၀မ်းတွေသာလို့။ စမယ်။ နေဦး။ လိုတာတွေ ပြင်ရဦးမယ်။
၁။ Speaker and Soundbox, microphone တွေလိုတယ်။ ဆရာမက သူသွားဝယ်လိုက်မယ် တဲ့။
(သူ့အင်္ဂလိပ်စာသင်တန်းမှာက သီချင်းတွေလည်း နားထောင်ခိုင်းတော့ speaker က မရှိမဖြစ် လိုတယ်ဗျ။)
၂။ Projector လိုတယ်။ ကိုဌေးဝင်းနိုင်က ၀ယ်ပြီး လှူလိုက်ပေါ့ဗျာ။ သူတို့လဲသုံးလို့ရ။ ကိုယ်လည်း သုံးလို့ရ။
ကောင်းသဗျာ။ လုပ်လိုက်။
၃။ ဆရာဟိန်းက အာ-projector က သိပ်ခေတ်နောက်ကျသွားပြီ။ LCD နဲ့သင်မယ်။ စာလုံးတွေလည်း ပြတ်ပြတ်သားသားမြင်ရမယ်။ ပုံတွေဆိုလည်း အရောင်ကကောင်းတော့ ပိုပြီး ဆွဲဆောင်မှု ရှိမယ်။ ကြိုက်ပြီ။ လုပ်စမ်း။
နောက်ပြီး ကျွန်တော်တို့ စာရွက်စာတမ်းတွေပြန်စုဘို့။ ပြီးခဲ့တဲ့ လေးလလောက်ကတည်းက စာရင်းပေး ထားတဲ့သူတွေကို ပြန်နွှေးဘို့။ သတိပေးဘို့ နည်းနည်းအချိန်ယူမယ်။

ဒီတော့ ဦးH.S.Win ရေ၊ ကြိုဆိုပါတယ်ဗျာ။

သင်တန်းစမည့်ရက်။ ။ ၁၁ ဇူလိုင်၊ ၂၀၁၀ (တနင်္ဂနွေ)
နေရာ။ ။ Peninsula Plaza, #07-21
အချိန်။ ။ နေ့လည် ၁၂၀၀ မှ မွန်းလွဲ ၃း၀၀ နာရီထိ။

ပြီးခဲ့သည့် လေးလက စာရင်းပေးထားသော လူ ၄၀ ကျော်ရှိပါသည်။ သို့သော် အကြောင်းကြောင့် ပျက်ကွက်သူများ ရှိနိုင်ပါသည်။ သင်တန်းတက်လိုသူ (တကယ့်ကို ပညာကိုလိုချင်သူ။ စိတ်ပါလက်ပါ သင်ယူချင်သူ။ အင်း၊ နောင်ခါမှ နောင်ခါဈေး၊ တက်ဖြစ်တာမတက်ဖြစ်တာ နောက်ထား၊ စာရင်းလေးတော့ ပေးထားလိုက်ဦးမှ ဆိုသော လူစားမျိုးမဟုတ်သူ) - များ ဖုံးနံပါတ် ၉၀၉၈၀၀၅၇ သို့ နာမည် နှင့် IC နံပါတ်များ၊ FIN no. များ sms ပို့လိုက်ကြပါကုန်။

မှတ်ချက်။ ။ သင်တန်းခန်းမှာ ကျဉ်းသဖြင့် လူနှစ်ဆယ်မျှသာ ဆန့်ပါသည်။ ၂၀ ထက်ကျော်သူများ နောက်အသုတ်များအတွက် စောင့်ပါ။