Friday, July 16, 2010

ကျပမ်းစကားပြောပြိုင်ပွဲ

ကျွန်တော်တို့မှာ ပျော်ဘို့လည်းကောင်း၊ စိတ်လှုပ်ရှားဘို့လည်းကောင်းတဲ့ အစီအစဉ်တစ်ခု ရှိသဗျ။
စာချည်းပဲ သင် သင် ဆိုတော့ အခန်းထဲမှာ သိပ်ပျင်းဘို့ကောင်းနေတယ်။ စာတွေ့ချည်းပဲ။ လက်တွေ့ မရှိဘူး။ ဒါကြောင့် လက်တွေ့ပြောကျင့်ရအောင် -
ကျပမ်းစကားပြောပြိုင်ပွဲ လုပ်မလို့။
ဒါကို ဆရာမကလည်း သဘောတူတယ်။
ခု ပညာဒါနသင်တန်း အမှတ်စဉ် (၂) က သင်တန်းသားတွေ (အမှတ်စဉ် (၁) ကလူတွေ ပါချင်သပဆိုလည်း လာပြိုင်လို့ရပါသဗျာ။) ကို ပေါက်မဲ ဆယ်လိပ်ဖောက်မယ်။ မဲကျတဲ့သူက ပြောပေါ့။
မြန်မာလိုမဟုတ်ဘူး။ အင်္ဂလိပ်လိုပြောရမှာ။ အကြာကြီးပြောရမှာ မဟုတ်ပါဘူး။ တစ်ယောက်ကို ၅ မိနစ်ပေါ့။ (ဆရာမနဲ့တိုင်ပင်ပြီး အချိန်ကို ထပ်ညှိပါမယ်။ ဒါပေမဲ့ အကြာဆုံး ၈ မိနစ်ထက် မပိုပါဘူး။)
ခု တနင်္ဂနွေမှာ အဲဒီအစီအစဉ်ကို ကြေငြာမယ်။ နောက်တနင်္ဂနွေကျရင် ခေါင်းစဉ် ၅ ခုပေးမယ်။ ဆိုလိုတာက ခေါင်းစဉ်တစ်ခုကို နှစ်ယောက်ပြောရမယ်ပေါ့။ ဒါပေမဲ့ ဘယ်ခေါင်းစဉ်ကျမယ်မှန်းမသိတော့ ပေးထားတဲ့ ခေါင်းစဉ် ၅ ခုစလုံးအတွက် ပြင်ထားရမယ်။
အကောင်းဆုံးပြောနိုင်တဲ့သူကို ဆုပေးမယ်။
ပြောတဲ့နေရာမှာ -

ကိုယ်ဟန်အမူအရာ
မျက်နှာအနေအထား
လေယူလေသိမ်း
အသံထွက်မှန်ကန်မှု
အာဝဇ္ဇန်းရွှင်မှု
ခေါင်းစဉ်နဲ့ ပြောတာ ကိုက်ညီမှု

- စတာတွေပေါ် အကဲဖြတ်၊ အမှတ်ပေးပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရွေးချယ်ပါမယ်။
အဲဒီအစီအစဉ်ကို ပန်းခြံတစ်ခုခုဖြစ်ဖြစ်၊ beach တစ်ခုခု ဖြစ်ဖြစ်မှာ သွားလုပ်ပါမယ်။
နောက်ဆုံးအချိန်မှာ ဖြစ်ဖြစ်၊ သင်တန်း ၆ ချိန်အပြီး ၇ ခုမြောက် တနင်္ဂနွေမှာ ဖြစ်ဖြစ်လုပ်ပါ့မယ်။

ကျွန်တော်နောက်ထပ် ထပ်ထည့်ချင်တာက သူတို့မပြောခင် guest speaker တစ်ယောက်ကို ပြောစေ့ချင်တယ်။ အပြောလည်းကောင်း၊ အသံထွက်လည်းမှန်၊ လေယူလေသိမ်းကလည်း ပြောစရာမရှိ။ အမူအရာရောပေါ့။ အဲဒါ ဘယ်သူများ ရှာပေးနိုင်မလဲ။
ဦးနေမင်းဟိန်း၊ ကိုဌေးဝင်းနိုင်၊ ဆရာမခိုင်၊ ဦးဇော်အောင်၊ လုပ်ပါဗျ။ ၀ိုင်းကြ ၀န်းကြပါ။
ကျွန်တော်လည်း ရှာကြည့်မယ်။ များသောအားဖြင့် sale promoter တွေ၊ presenter တွေ ပေါ့။

နေဦး။ အရေးကြီးတာ ကျန်နေတယ်။ x x x x ပိုက်ဆံ x x x x ။
ခုလောလောဆယ် projector နဲ့ speaker ၀ယ်လိုက်လို့ ကျွန်တော်တို့မှာ ရန်ပုံငွေ zero ဖြစ်သွားပြီ။ ဒီတော့ sponsor ကလေးများကို ဖိတ်ခေါ်ပါတယ်။ အများကြီး မဟုတ်ပါဘူး။ တတ်နိုင်သလောက်ပေါ့။

2 comments:

  1. ကျပန်းစကားပြောပြိုင်ပွဲအတွက်ဘယ်လိုနည်းနဲ့ရံပုံငွေလှူလို့ရပါသလဲ...သိချင်ပါတယ်........

    ReplyDelete
  2. မထွေးထွေးခင်ဗျား -
    ပညာဒါနအတွက် လှူလိုသောစေတနာကို လေးစားပါသည်။ လှူလိုလျှင် သင်တန်းတွင်ဖြစ်စေ၊ ကျွန်တော် (97303027) ထံတွင်ဖြစ်စေ၊ ကိုဌေးဝင်းနိုင် (93850775) ထံတွင်ဖြစ်စေ၊ ဆရာဦးနေမင်းဟိန်း (92712080) ထံတွင်ဖြစ်စေ၊ ၊ ဆရာမ ဒေါ်ခိုင်ခိုင်အောင် (97715857) ထံတွင်ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။

    ReplyDelete