Sunday, November 15, 2009

Miniutes of Meeting for Pyinnyadana

ပညာဒါန
၂၅-၁၀-၀၉ ဆွေးနွေးပွဲ မှတ်တမ်း


ပါဝင်ဆွေးနွေးသူများ
ဒေါ်ခိုင်ခိုင်အောင်၊ ဦးနေမင်းဟိန်း၊ ဦးဌေးဝင်းနိုင်၊ ဦးအေးငြိမ်း

ဆွေးနွေးပွဲ ရလဒ်များ

၁။ သင်တန်းသားဦးရေကို ၅၀ အစား ၃၀ ဖြင့် စတင် သင်ကြားပါမည်။

၂။ သင်တန်းချိန်ကို ညနေ ၆ နာရီ မှ ၉ နာရီ ဟု လျာထားပါသည်။

၃။ သင်တန်းကာလ တစ်လခွဲ (ဆရာတစ်ဦးလျှင် ၆ ချိန်) ဟု အကြမ်းဖျဉ်း သတ်မှတ်ပါသည်။
နောင်တွင် လိုအပ်လျှင် လိုအပ်သလို မွမ်းမံ သင်တန်းများ ထပ်မံပေးသွားမည် ဖြစ်ပါသည်။

၎။ မိမိတို့ သင်ကြားမည့် ဘာသာရပ်အလိုက် ၆ ချိန်စာ ကြိုတင်ပြင်ဆင်ပြီး လိုအပ်လျှင် Power Point Slide များ ပြင်ထားပါမည်။

၅။ ကွန်ပြူတာ သင်တန်းအတွက် ကွန်ပြူတာများ ပါမည့် သင်တန်းခန်းမ ငှားရမ်းရန် ဖြစ်ပါသည်။ အကယ်၍ ဈေးနှုံး သိပ်ကွာ နေပါက ကွန်ပြူတာခန်းတွင် ကွန်ပြူတာချိန် သီးသန့် နှစ်ရက် သင်ပြီး သာမန်အခန်းတွင် အခြားဘာသာရပ်နှစ်ခုကို သင်ကြား ရန် ဖြစ်ပါသည်။

၆။ သင်တန်းကို လုံးဝ အခမဲ့ အဖြစ် သတ်မှတ်ပြီး ဖြစ်နိုင်လျှင် ကြော်ငြာကာ အလှူရှင် ရှာရန် ဖြစ်ပါသည်။

၇။ သင်တန်းသား လက်ခံခြင်းကို ဦးရာလူ စနစ်ဖြင့် လက်ခံပါမည်။ သို့အတွက် register လုပ်သည့် လူစာရင်း အတိအကျ ရရန် phone message စနစ် ဖြင့် လက်ခံပါမည်။ ဤသို့ လက်ခံရန် Prepaid တစ်ကဒ်ဝယ်ပြီး message သီးသန့် လက်ခံသွား ပါမည်။ phone message တွင် အမည်နှင့် FIN နံပါတ် ထည့်သွင်းဖော်ပြရန် ဖြစ်ပါသည်။ အကယ်၍ phone message ပို့ပြီး လူမရောက်လာပါက နောက်လူကို အစားသွင်း ထည့်သွားရန် ဖြစ်ပါသည်။

၈။ ကြေငြာခြင်းကို Peninsula Plaza ရှိ ပြုံးတစ်ရာဆင့် နှင့် သပြေနု ဆိုင်များတွင် ကြေငြာပါမည်။ ထိုဆိုင်များတွင် သင်တန်း လျှောက်လွှာ ပုံစံများ ထားရှိပေးပြီး ပုံစံများဖြည့်စွက်ကာ ပြန်လည် ကောက်ခံပါမည်။ ထို့ပြင် Shwe Dream နှင့် နီးစပ်ရာ Blogs များတွင်လည်း ထည့်သွင်းဖော်ပြပါမည်။
နောက်တစ်နေရာမှာ လောလောဆယ် ကျွန်တော်တို့ လုပ်နေသည့် ECC Project တွင် မြန်မာလူငယ် ၅၀၀ ကျော် ရှိရာ ထို Project မှ သက်ဆိုင်ရာ ကုမ္ပဏီ ကိုယ်စားလှယ်များမှ တစ်ဆင့် ကြေငြာရန် ဖြစ်ပါသည်။
(သင်တန်းလျှောက်လွှာ ပုံစံ ကို နောက်တစ်မျက်နှာတွင် ကြည့်ပါရန်)

၉။ အချင်းချင်း ဆက်သွယ်ရ လွယ်ကူစေရန်နှင့် မှတ်တမ်းများကို လွယ်ကူစွာ သိမ်းဆည်းရန် common email address တစ်ခု ဖွင့်ပါမည်။ ထို email address မှာ pyinnyadana@gmail.com ဖြစ်ပါသည်။ ဤ ပညာဒါန အစီအစဉ်နှင့် ပတ်သက် သော စာပေးစာယူ ကိစ္စ မှန်သမျှကို ဤ email သုံးရန် ဖြစ်ပါသည်။

၁၀။ သင်တန်းနေရာ အတိအကျ နှင့် ကုန်ကျစရိတ်ကို တစ်ရက်နှစ်ရက်အတွင်း အပြီး စုံစမ်း ပြီး အားလုံးသို့ အကြောင်းကြား ပါမည်။ သင်တန်းနေရာ ရသည်နှင့် စတင် ကြေငြာပါမည်။

၁၁။ သင်တန်းခန်းမကြေး စသည့် ကုန်ကျစရိတ်များအတွက် မိမိတို့ တတ်အားသလောက် ရံပုံငွေ ရှာကြရန် ဖြစ်ပါသည်။

No comments:

Post a Comment