ကျပမ်းစကားပြောပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြစဉ် - - -
ပညာဒါန အစီအစဉ်သည် စင်ကာပူတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသူ မြန်မာများ၏ English 4 Skills, လုပ်ငန်းခွင်အတွက် အသုံးတည့်နိုင်မည့် အခြေခံ အသိပညာများကို မြှင့်တင်ပေးရန် ကြိုးစားထားမှုတစ်ခု ဖြစ်ပါသည်။ အားလုံးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်၍ စိတ်ပါဝင်စားသူ မည်သူ့ကိုမဆို ဖိတ်ခေါ်ပါသည်။
Friday, October 15, 2010
Piping သင်တန်း လက်တွေ့
Piping သင်တန်း လက်တွေ့သွားတုံးက ပုံတွေပါ။ အစတုံးကတော့ မိုက်ကရိုဖုံး ယူသွားအုံးမလို့ဘဲ။ ဒါပေမဲ့ လူသိပ်မများလှလို့ မယူခဲ့တော့ဘူး။ ဒီတော့ စကားပြောတာတွေက တိုးတိုးလေးဖြစ်နေတယ်။ ဘာတွေ ပြောနေလို့ပြောမှန်းမသိဘူး။ ပုံတွေကလည်း အရမ်းဝါးနေတယ်။ ကျပမ်းစကားပြောပွဲတုံးကလောက် မကောင်းဘူး။ ကျပမ်းစကားတုံးကတော့ အတော်လေးကောင်းတယ်။ တစ်ခုခုလွဲသွားတယ်။ သည်းခံပြီးသာကြည့်ကြပါ။
Friday, October 8, 2010
Construction Project Planning Download
ပညာဒါနသင်တန်း (လက်တွေ့)
ဝမ်းသာစရာသတင်းတစ်ခုမှာ ယနေ့ ကျွန်တော် NTUC သို့ ဈေးဝယ်သွားရင်း အစ်မကြီး ဒေါ်သန်းသန်းနု နှင့် အမှတ်တမဲ့ ဆုံလိုက်ပါသည်။
အစ်မကြီးက သူတို့ မြန်မာကလပ် (Myanmar Club) အနေနှင့် ကျွန်တော်တို့ ပညာဒါနသင်တန်းများကို တတ်စွမ်းသရွေ့ ကူညီသွားရန် ပြောပြပါသည်။ ကျွန်တော်က ဟောပြောပွဲများလုပ်သောအခါ ရှိသောအခန်း ကလေးမှာ အလွန်ကျဉ်းနေသဖြင့် အဆင်မပြေကြောင်းပြောရာ သူက ဒီအတွက်တော့ မပူလေနဲ့၊ လူ ၅၀၀ ခန့် ဆန့်သောအခန်းကြီးတစ်ခုကို အခမဲ့ရအောင် လုပ်ပေးမည်ဆိုရာ ကျွန်တော့မှာ Toto ပေါက်သကဲ့သို့ ၀မ်းသာသွားမိပါ၏။
သို့အတွက် ပညာဒါနသင်တန်းများကို ကောင်းသထက်ကောင်းအောင် ပိုမို တိုးချဲ့ဖွင့်လှစ်သွားနိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။ ဟောပြောပွဲများသို့ လာရောက်နားထောင်ကြပါရန်လည်း ဖိတ်ခေါ်ပါသည်။
လတ်တလောသတင်း -
ယခုလာမည့် တနင်္ဂနွေ (၁၀ - ၁၀ - ၁၀) တွင် ကျွန်တော်တို့ Piping Engineering သင်တန်းသားများကို ကျွန်တော်က လက်တွေ့အနေနှင့် ကျွန်တော်တို့ work shop သို့ခေါ်သွားကာ Fibreglass Piping အကြောင်း ရှင်းလင်းပြီး လက်တွေ့ ပြသရန် စဉ်းစားထားပါသည်။ အချိန်မှာ သင်တန်းချိန်ဖြစ်သော နေ့လည် ၁၂း၃၀ လောက်တွင် ပင်နင်စူလာမှ စတင်ချီတက်ကြရန် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ လာရောက်လေ့လာရန် ဖိတ်ခေါ်ပါသည်။
မိမိအစီအစဉ်နှင့်လာလိုသူများ ထိုနေ့ နေ့လည် ၁ နာရီခန့်တွင် Aljunied MRT တွင်စောင့်ပါ။
စိတ်ပါဝင်စားသူများ ကျွန်တော့်ထံ (97303027) ဆက်သွယ်နိုင်ပါသည်။
အေးငြိမ်း
၈-၁၀-၁၀

Sunday, October 3, 2010
ပညာရပ်ဆိုင်ရာဟောပြောပွဲများ အခြေအနေ
(၄-၁၀-၂၀၁၀)
(၁)
စက်တင်ဘာလ ၁၉ ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ ၃ ရက်နေ့က တစ်ကြိမ်။ နှစ်ကြိမ်တိုင်တိုင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို #07-21 တွင် ကျင်းပခဲ့ပါသည်။
ပထမတစ်ကြိမ်မှာ ဦးအောင်ကျော်သိုက် ၏ “Construction Project Planning” ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ ဒေါ်မြင့်စန္ဒာ ၏ “Construction Contract Administraction” ဖြစ်ပါသည်။
ပထမတစ်ကြိမ်တွင် လာရောက်နားထောင်သူ ၄၈ ဦးမျှရှိပြီး ဒုတိယတစ်ကြိမ်တွင် ၆၀ မျှ ရှိပါသည်။
ကျွန်တော်က လဖက်ရည်အလကားတိုက်ပါမည်၊ မုံ့အလကားကျွေးပါမည် ဟု ကြော်ငြာလိုက်သောအခါ အချို့မှာ ဒါ - တကယ်ပြောတာလား၊ နောက်တာလား ဟု
ဇဝေဇ၀ါ ဖြစ်သွားပါသည်။ ကိုယ့်အမေ ခေါင်းကြိမ်းရမည့်ကိစ္စကို မနေနိုင် မထိုင်နိုင်၊ အားအားလျားလျားတော့ ကျွန်တော် မလုပ်လောက်ပါ။ သို့သော် လာရောက်နားထောင်သူများကို အထူးကျေးဇူး တင်ပါသည်။
ဘယ်နှယောက် လာနားထောင်မှန်းမသိနိုင်၍ လက်ရှိအခန်းတွင်ပင် လုပ်လိုက်ခြင်း ဖြစ်ပါသည်။ တစ်ကြောင်းမှာ လည်း ကျွန်တော်တို့တွင် ရံပုံငွေမရှိပါ။ အခန်းငှားမည်ဆိုလျှင် အခန်းငှားခကိစ္စကို ပထမဆုံးစဉ်းစားရပါမည်။ အနည်းဆုံး ၅၀၀ လောက်ကုန်မည်။ ဘယ်သူတွေ ပါဝင်ဒါနပြုပါမည်နည်း။
ယခု အခန်းကျဉ်းကလေးထဲတွင် လူများကျပ်သိပ်ထိုင်ကာ နားထောင်ရသည်ကို ကျွန်တော်အလွန်အားနာလှ ပါသည်။ ထို့ပြင် အခန်းကျယ်တွင် အဲယားကွန်းကလေးနှင့် သက်တောင့်သက်သာထိုင်ကာ နားထောင်ရလျှင် ပြောသမျှ အားလုံးကို အာရုံစိုက်နိုင်မည်။ ဘာပြန်ဆွေးနွေးရမလဲ ဆိုတာလည်း ခေါင်းထဲပေါ်လာနိုင်သည်။ နေရထိုင်ရ မသက်သာသော နေရာတွင် မသိမသာ စိတ်အနှောက်အယှက် ဖြစ်နေသဖြင့် ပြောသမျှအားလုံးကို အာရုံစိုက်ချင်မှ စိုက်နိုင်ပါလိမ့်မည်။
ကျွန်မမှာ ပြောစရာ သိပ်များများစားစားမရှိပါဘူး ဟု စကားပလ္လင်ခံထားသော ဒေါ်မြင့်စန္ဒာ ပြောတာပင် သုံးနာရီ နီးပါး ကြာပါသည်။
ထို့ကြောင့် နောက် ဟောပြောပွဲများကိုတော့ ပိုက်ဆံရအောင်ရှာပြီး အခန်းငှားကာ ကျကျနနလေး လုပ်ချင်ပါသည်။ သည့်ထက်လည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာပါမည်။ (ကြော်ငြာတဲ့ပုံစံတော့ ပြောင်းအုံးမှ။ နို့မို့ နောက်တာမှတ်ပြီး လူတွေမလာဘူး ဖြစ်အုံးမယ်။)
(၂)
သူတို့ဟောပြောသွားသည့် အကြောင်းအရာများမှာ စာတွေ့ချည်းမဟုတ်။ လက်တွေ့လုပ်ရာတွင် တွေ့ကြုံရသော အခက်အခဲ အကျပ်အတည်းများကိုပါ ထည့်သွင်းပြောတာ ဖြစ်ပါသည်။ တစ်ခါတစ်လေ စာတွေ့အားဖြင့် မှန်သော်လည်း လက်တွေ့လုပ်မရသော ကိစ္စများ ရှိပါသည်။ ထိုအခါ သည်လိုပြဿနာမျိုးကို ဘယ်လိုဖြေရှင်းမလဲ။ သည်ဟာ ပညာ ဖြစ်ပါသည်။ သည်ကဲ့သို့သော ကိစ္စမျိုးကို အတွေ့အကြုံရင့်ကျက်သူများထံမှ ရလိုက်ခြင်းသည် အလွန်အကျိုးရှိလှပါ၏။ ကိုယ့်အလှည့်ကျ ခေါင်းစားစရာမလိုတော့။ ဒီလိုလာရင် ဒီလိုလုပ်လို့ရတယ်ဆိုတာ သိထားခြင်းဖြင့် အလုပ်လုပ်ရာတွင် အများကြီး အထောက်အကူ ရပါသည်။
လူတစ်ဦးနှင့်တစ်ဦး အတွေ့အကြုံချင်း မတူနိုင်။ အခြားသူများတွင်လည်း အဖိုးတန်သော အတွေ့အကြုံ၊ ဗဟုသုတ များရှိမှာ သေချာပါသည်။ သို့အတွက် မိမိတို့ ပညာရပ်၊ အတွေ့အကြုံများကို ဖလှယ်လိုသူ၊ ဝေမျှလိုသူတို့အား ကျွန်တော်တို့ ပညာဒါနအဖွဲ့မှ ကြိုဆိုပါသည်။ တစ်ယောက်ထဲပြောလျှင် ဆယ်ချက်လောက် သိရမည်။ ၅ ယောက်လောက်ပြောလိုက်လျှင် အချက် ၅၀ လောက်သိနိုင်မည်။ အချက် ၅၀ မဟုတ်ဘဲ အချက် ၃၀ လောက်သိရလျှင်ပင် အလွန်တန်ဘိုးရှိပါသည်။
ယခုဟောပြောပွဲများမှာ Condstruction အကြောင်းများချည်း ဖြစ်ပါသည်။ အခြား နယ်ပယ်များမှ သူများလည်း ပြောနိုင်လျှင် ကောင်းပါလိမ့်မည်။ Management, Electrical, Marine, Logistic, (any business?) စသည်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေအတွက် စင်ကာပူမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် ဘာတွေ သိထားဘို့လိုသလဲ၊ ဘာတွေ သတိထားရမလဲ၊ သူတို့ rules and regulation တွေ ဘာတွေရှိသလဲ၊ မြန်မာပြည်နဲ့ ဆက်စပ်ပြီး ဘာစီးပွားရေးတွေ လုပ်နိုင်သလဲ၊ ဘာတွေလုပ်ရင်တော့ဖြင့် အရှုံးနည်းနိုင်မလဲ။ ဘဏ်နဲ့လုပ်ရတဲ့ ငွေရေးကြေးရေးကိစ္စတွေ ဘာတွေရှိသလဲ။
ဒါတွေ ကျွန်တော် မသိပါ။ သိသူများက လုပ်ချင်သူများကို ပြန်လည်ဝေမျှလျှင် အလွန်အဖိုးတန်သော သတင်း အချက်အလက်များ ဖြစ်ပါလိမ့်မည်။
သို့အတွက် ဝေမျှလိုသူ၊ ဟောပြောလိုသူများကို ဖိတ်ခေါ်ပါသည်။ ကျွန်တော်နေရာစီစဉ်ပေးပါမည်။ ကြော်ငြာပေးပါ မည်။ သို့သော် အထက်တွင်ပြောခဲ့သလို ကျွန်တော်တို့တွင် ဘတ်ဂျက်အင်အား မတောင့်တင်း၍ ဉာဏ်ပူဇော်ခတော့ မချီးမြှင့် နိုင်ပါ။ လဖက်ရည်နှင့် မုံ့လောက်ပဲ ကျွေးနိုင်ပါလိမ့်မည်။
ဆက်သွယ်လိုသူများ -
(၁) ဦးအေးငြိမ်း - 97303027
email : y_nyein@yahoo.com.sg
(၂) ဦးနေမင်းဟိန်း - 92712080
email : neminhein@gmail.com
ဟောပြောသွားသည်များကို ဗီဒီယိုမှတ်တမ်းတင်ကာ website တွင် upload လုပ်ပေးထားပါမည်။ နားထောင်လိုသူ များ download လုပ်ယူနားထောင်နိုင်ပါသည်။

Tuesday, September 21, 2010
Construction Project Planning Seminar
Construction Project Planning အကြောင်း ဟောပြောပွဲမှ presentation slides များဖြစ်ပါသည်။
အောက်ပါ link တွင် download လုပ်ယူနိုင်ကြပါသည်။
http://www.mediafire.com/?tkv2nwtwxffnu

Subscribe to:
Posts (Atom)