Friday, October 8, 2010

ပညာဒါနသင်တန်း (လက်တွေ့)

ဝမ်းသာစရာသတင်းတစ်ခုမှာ ယနေ့ ကျွန်တော် NTUC သို့ ဈေးဝယ်သွားရင်း အစ်မကြီး ဒေါ်သန်းသန်းနု နှင့် အမှတ်တမဲ့ ဆုံလိုက်ပါသည်။
အစ်မကြီးက သူတို့ မြန်မာကလပ် (Myanmar Club) အနေနှင့် ကျွန်တော်တို့ ပညာဒါနသင်တန်းများကို တတ်စွမ်းသရွေ့ ကူညီသွားရန် ပြောပြပါသည်။ ကျွန်တော်က ဟောပြောပွဲများလုပ်သောအခါ ရှိသောအခန်း ကလေးမှာ အလွန်ကျဉ်းနေသဖြင့် အဆင်မပြေကြောင်းပြောရာ သူက ဒီအတွက်တော့ မပူလေနဲ့၊ လူ ၅၀၀ ခန့် ဆန့်သောအခန်းကြီးတစ်ခုကို အခမဲ့ရအောင် လုပ်ပေးမည်ဆိုရာ ကျွန်တော့မှာ Toto ပေါက်သကဲ့သို့ ၀မ်းသာသွားမိပါ၏။
သို့အတွက် ပညာဒါနသင်တန်းများကို ကောင်းသထက်ကောင်းအောင် ပိုမို တိုးချဲ့ဖွင့်လှစ်သွားနိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။ ဟောပြောပွဲများသို့ လာရောက်နားထောင်ကြပါရန်လည်း ဖိတ်ခေါ်ပါသည်။

လတ်တလောသတင်း -

ယခုလာမည့် တနင်္ဂနွေ (၁၀ - ၁၀ - ၁၀) တွင် ကျွန်တော်တို့ Piping Engineering သင်တန်းသားများကို ကျွန်တော်က လက်တွေ့အနေနှင့် ကျွန်တော်တို့ work shop သို့ခေါ်သွားကာ Fibreglass Piping အကြောင်း ရှင်းလင်းပြီး လက်တွေ့ ပြသရန် စဉ်းစားထားပါသည်။ အချိန်မှာ သင်တန်းချိန်ဖြစ်သော နေ့လည် ၁၂း၃၀ လောက်တွင် ပင်နင်စူလာမှ စတင်ချီတက်ကြရန် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ လာရောက်လေ့လာရန် ဖိတ်ခေါ်ပါသည်။
မိမိအစီအစဉ်နှင့်လာလိုသူများ ထိုနေ့ နေ့လည် ၁ နာရီခန့်တွင် Aljunied MRT တွင်စောင့်ပါ။
စိတ်ပါဝင်စားသူများ ကျွန်တော့်ထံ (97303027) ဆက်သွယ်နိုင်ပါသည်။

အေးငြိမ်း
၈-၁၀-၁၀

No comments:

Post a Comment