Wednesday, February 17, 2010

ပညာဒါန သင်တန်းများ အခြေအနေ

စင်ကာပူတွင် ရောက်ရှိ အလုပ်လုပ်နေသော မြန်မာများ၏ အင်္ဂလိပ်စာ နှင့် လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများ တိုးပွား ရေးအတွက် ပညာဒါန အစီအစဉ်ကို ၂၄/၁/၂၀၁၀ မှစတင်ကာ စမ်းသပ်ဖွင့်လှစ်လိုက်ပါသည်။ English, Piping နှင့် Database and Reporting ဟု ဘာသာရပ် သုံးခု ကို ၆ ချိန် သင်ရန် ဖြစ်ပါသည်။

ကျွန်တော်တို့ကြော်ငြာပုံမှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သော်လည်းကောင်း၊ e.mail ဖြင့်သော်လည်းကောင်း၊ blog မှ တစ်ဆင့်လည်းကောင်း ဖြစ်ပါ၏။ ပညာဒါန အခမဲ့သင်တန်းများ ဖွင့်မည်ဟု သတင်းလွှင့်လိုက်သောအခါ register လုပ်လာသူ နှစ်ရာနီးပါးမျှ ရှိပါ၏။

ပထမသင်တန်းအတွက် register လုပ်ထားသော ဖုံးနံပါတ် ၇၀ သို့ သင်တန်းတက်ရန် အကြောင်းကြားလိုက်၏။ တကယ်သင်တန်းဖွင့်လိုက်သောအခါ လာတက်သူဦးရေမှာ ထက်ဝက်မျှသာ ရှိပါသည်။ သို့သော် register မလုပ်ပဲ တဆင့်စကားဖြင့် လာတက်သူများကိုလည်း တွေ့ရသည်။ သို့တိုင် ငှားထားသော အခန်းမှာ နေရာလွတ်များစွာ ပိုနေသေးသဖြင့် နောက်ထပ် ၃၀ ထံ ထပ်မံ၍ သင်တန်းလာတက်ရန် sms ပို့လိုက်ပါသည်။ သို့သော် ထက်ဝက်ပင်မလာပါ။ ထို့ပြင် ပထမသင်တန်းကို တစ်ပတ် လာတက်ကြည့်လိုက်ပြီး မကြိုက်သောကြောင့်လားပဲ မသိ။ ဒုတိယပတ်တွင် မလာတော့သူများကိုလည်း တွေ့ရပါသည်။ ဒုတိယအပတ်တွင် register လုပ်ထားသူ ၃၂ ဦး၊ အသစ်လာတက်သူ ၁၈ ဦး စုစုပေါင်း ၄၀ ရှိပါသည်။

သို့သော် တတိယအပတ်တွင် ဒုတိယအပတ်မှ လူများ ထပ်လျော့သွားပြီး လူသစ်များ ထပ်မံလာတက်ကြောင်း တွေ့ရပြန်ပါသည်။

ဤအခြေအနေကား ကျေနပ်ဖွယ်ရာကောင်းသော အခြေအနေမဟုတ်ပါ။ ကျွန်တော်တို့က အခန်းကို ငွေကုန်ကြေးကျ ခံကာငှား။ အချိန်၊ လူရောငွေပါ စိုက်ပြီး သင်ရတာဖြစ်သည့်အတွက် လာချင်လာ မလာချင်နေ၊ စည်းမဲ့ကမ်းမဲ့ လုပ်တာ လုံးဝလက်မခံနိုင်ပါ။

သို့အတွက် ဤအခြေအနေမျိုးကို တားဆီးရန် ကျွန်တော်တို့ဘက်မှ တစ်ခုခုလုပ်ရန် စဉ်းစားရပါသည်။

သည်သင်တန်းမစမီ အင်္ဂလိပ်စာ အခမဲ့သင်ပေးသော မိတ်ဆွေကလေးတစ်ဦးထံ သွားပြီး သူလုပ်ပုံကိုင်ပုံများ လေ့လာ ကြည့်ပါသည်။ သူကလည်း အခမဲ့သင်တန်းများတွင် ကြုံရသော ဤအချက်များကို ပြောပြပါသည်။ သူကတော့ နောက်ပိုင်းသင်တန်းများတွင် ဤကဲ့သို့ လာချင်လာ၊ မလာချင်နေ။ ဖြစ်ကတတ်ဆန်း မဖြစ်စေရန် တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၂၀၀ deposit ယူထားလိုက်သည်။ သင်တန်းချိန်အပြည့် လာတက်သူကို သင်တန်းပြီးချိန်၌ ဤ ၂၀၀ ကို ပြန်ပေးလိုက်သည်။ သို့သော် သင်တန်းပျက်သူများကိုတော့ ပျက်ရက်အလိုက် အချိုးကျ နှုတ်ယူထားလိုက်သည်။

သူ့အစီအမံလေး မဆိုးပါ။ သဘောကျစရာကောင်းပါသည်။ ကျွန်တော်တို့လည်း ဤကဲ့သို့လုပ်ရလျှင် မကောင်းပါလား။
ဆိုပါစို့။ ကျွန်တော်တို့က သင်တန်း ၆ ချိန်ပေးသည်။ ထို ၆ ချိန်အတွက် S$ 200.00 deposit ကောက်ထားလိုက်မည်။ ၆ ချိန်စလုံး လာတက်သူများကို သင်တန်းပြီးသည်နှင့် ၂၀၀ အပြည့် ပြန်ပေးလိုက်မည်။ ပျက်သူများကိုတော့ တစ်ချိန်ပျက်လျှင် S$34.00, နှစ်ချိန်ပျက်လျှင် S$ 67.00 စသဖြင့် ဖြတ်သွားပြီး ကျန်ငွေကို ပြန်အမ်းမည်။

Another option – (ကျွန်တော်တို့က သင်တန်း ၆ ချိန်ပေးသည်။ ထို ၆ ချိန်အတွက် S$ 100.00 deposit ကောက်ထားလိုက်မည်။ ၆ ချိန်စလုံး လာတက်သူများကို သင်တန်းပြီးသည်နှင့် ၁၀၀ အပြည့် ပြန်ပေးလိုက်မည်။ ပျက်သူများကိုတော့ တစ်ချိန်ပျက်လျှင် S$17.00, နှစ်ချိန်ပျက်လျှင် S$ 34.00 စသဖြင့် ဖြတ်သွားပြီး ကျန်ငွေကို ပြန်အမ်းမည်။)

နောက်တစ်ခုက အခန်းခ ဖြစ်ပါသည်။ အခန်းခအတွက် ကျွန်တော်တို့မှာ အလှူငွေပေါ် မှီခိုနေရရာ ပညာဒါနသင်တန်း များ ဆက်လက် လည်ပတ်နိုင်ရေးအတွက် အလှူရှင်ရှာဖွေရေးကိုလည်း အရေးတကြီး လုပ်ရန်လိုပါသည်။ ဤအထဲတွင် သင်တန်းသားများအားလည်း မိမိကိုယ်တိုင်လှူရန် သော်လည်းကောင်း၊ မိမိနှင့်နီးစပ်သူများအား အလှူခံပေးပါရန် သော်လည်းကောင်း တိုက်တွန်းလိုပါသည်။

သည့်ထက်ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များရှိပါကလည်း ပေးပါရန် မေတ္တာရပ်ခံပါ၏။

Wednesday, February 10, 2010

Thursday, February 4, 2010

ပညာဒါန ရံပုံငွေ အခြေအနေ

ပညာဒါနသင်တန်းများအတွက် လက်ရှိ ရံပုံငွေ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ အခန်းငှားခ ၁၂၃၂.၆၄ ဖြစ်ရာ လက်ရှိရရှိထားသော အလှူငွေများမှာ သင်တန်းအမှတ်စဉ် (၁) နှင့်ပင် အားလုံး ချောသွားပြီ ဖြစ်ပါ၏။ များမကြာမီ နောက်သင်တန်းတစ်ခု စတင်တော့မည် ဖြစ်ရာ ထိုသင်တန်း အတွက်လည်း ၀ိုင်းကြ ၀န်းကြပါဦးဟု မေတ္တာရပ်ခံလိုက်ပါသည် ခင်ဗျား။
ဝိုင်းဝန်းပံ့ပိုးပေးကြသူ စေတနာရှင်အားလုံးကို အထူးကျေးဇူးတင်ပါသည်။

Tuesday, February 2, 2010

Piping Drawings

ပုံကြီးမြင်ရရန် နှင့် download လုပ်ရန် ပုံပေါ်ကို ကလစ်နှိပ်ပါ။


Isometric Drawing


General Arrangement Drawing


P & ID Drawing


Pipe Support Drawings


3D Drawing 1


3D Drawing 2