Monday, November 30, 2009

A New Day

This is the beginning of a new day ...
I have been given me this day
To use as I will.

I can waste it ... or use it for good,
But what I do today is important
Because I am exchanging
A day of my life for it!

When tomorrow comes,
This day will be gone forever,
Leaving in its place
Something that I have traded for it.

I want it to be gain ... and not loss;
Good ... and not evil;
Success ... and not failure;
In order that I shall not regret
The price that I have paid for it.

I will try just for today,
For you never fail ...
Until you stop trying.

~ Author Unknown ~

Sunday, November 15, 2009

Engineering Maths 1

ပုံကြီးမြင်ရရန် ပုံပေါ်တွင် ကလစ်နှိပ်၍ ကြည့်ပါ။











Advertisement

ပုံကြီးမြင်ရန် ပုံပေါ်တွင် ကလစ် နှိပ်ပေးပါ။

Miniutes of Meeting for Pyinnyadana

ပညာဒါန
၂၅-၁၀-၀၉ ဆွေးနွေးပွဲ မှတ်တမ်း


ပါဝင်ဆွေးနွေးသူများ
ဒေါ်ခိုင်ခိုင်အောင်၊ ဦးနေမင်းဟိန်း၊ ဦးဌေးဝင်းနိုင်၊ ဦးအေးငြိမ်း

ဆွေးနွေးပွဲ ရလဒ်များ

၁။ သင်တန်းသားဦးရေကို ၅၀ အစား ၃၀ ဖြင့် စတင် သင်ကြားပါမည်။

၂။ သင်တန်းချိန်ကို ညနေ ၆ နာရီ မှ ၉ နာရီ ဟု လျာထားပါသည်။

၃။ သင်တန်းကာလ တစ်လခွဲ (ဆရာတစ်ဦးလျှင် ၆ ချိန်) ဟု အကြမ်းဖျဉ်း သတ်မှတ်ပါသည်။
နောင်တွင် လိုအပ်လျှင် လိုအပ်သလို မွမ်းမံ သင်တန်းများ ထပ်မံပေးသွားမည် ဖြစ်ပါသည်။

၎။ မိမိတို့ သင်ကြားမည့် ဘာသာရပ်အလိုက် ၆ ချိန်စာ ကြိုတင်ပြင်ဆင်ပြီး လိုအပ်လျှင် Power Point Slide များ ပြင်ထားပါမည်။

၅။ ကွန်ပြူတာ သင်တန်းအတွက် ကွန်ပြူတာများ ပါမည့် သင်တန်းခန်းမ ငှားရမ်းရန် ဖြစ်ပါသည်။ အကယ်၍ ဈေးနှုံး သိပ်ကွာ နေပါက ကွန်ပြူတာခန်းတွင် ကွန်ပြူတာချိန် သီးသန့် နှစ်ရက် သင်ပြီး သာမန်အခန်းတွင် အခြားဘာသာရပ်နှစ်ခုကို သင်ကြား ရန် ဖြစ်ပါသည်။

၆။ သင်တန်းကို လုံးဝ အခမဲ့ အဖြစ် သတ်မှတ်ပြီး ဖြစ်နိုင်လျှင် ကြော်ငြာကာ အလှူရှင် ရှာရန် ဖြစ်ပါသည်။

၇။ သင်တန်းသား လက်ခံခြင်းကို ဦးရာလူ စနစ်ဖြင့် လက်ခံပါမည်။ သို့အတွက် register လုပ်သည့် လူစာရင်း အတိအကျ ရရန် phone message စနစ် ဖြင့် လက်ခံပါမည်။ ဤသို့ လက်ခံရန် Prepaid တစ်ကဒ်ဝယ်ပြီး message သီးသန့် လက်ခံသွား ပါမည်။ phone message တွင် အမည်နှင့် FIN နံပါတ် ထည့်သွင်းဖော်ပြရန် ဖြစ်ပါသည်။ အကယ်၍ phone message ပို့ပြီး လူမရောက်လာပါက နောက်လူကို အစားသွင်း ထည့်သွားရန် ဖြစ်ပါသည်။

၈။ ကြေငြာခြင်းကို Peninsula Plaza ရှိ ပြုံးတစ်ရာဆင့် နှင့် သပြေနု ဆိုင်များတွင် ကြေငြာပါမည်။ ထိုဆိုင်များတွင် သင်တန်း လျှောက်လွှာ ပုံစံများ ထားရှိပေးပြီး ပုံစံများဖြည့်စွက်ကာ ပြန်လည် ကောက်ခံပါမည်။ ထို့ပြင် Shwe Dream နှင့် နီးစပ်ရာ Blogs များတွင်လည်း ထည့်သွင်းဖော်ပြပါမည်။
နောက်တစ်နေရာမှာ လောလောဆယ် ကျွန်တော်တို့ လုပ်နေသည့် ECC Project တွင် မြန်မာလူငယ် ၅၀၀ ကျော် ရှိရာ ထို Project မှ သက်ဆိုင်ရာ ကုမ္ပဏီ ကိုယ်စားလှယ်များမှ တစ်ဆင့် ကြေငြာရန် ဖြစ်ပါသည်။
(သင်တန်းလျှောက်လွှာ ပုံစံ ကို နောက်တစ်မျက်နှာတွင် ကြည့်ပါရန်)

၉။ အချင်းချင်း ဆက်သွယ်ရ လွယ်ကူစေရန်နှင့် မှတ်တမ်းများကို လွယ်ကူစွာ သိမ်းဆည်းရန် common email address တစ်ခု ဖွင့်ပါမည်။ ထို email address မှာ pyinnyadana@gmail.com ဖြစ်ပါသည်။ ဤ ပညာဒါန အစီအစဉ်နှင့် ပတ်သက် သော စာပေးစာယူ ကိစ္စ မှန်သမျှကို ဤ email သုံးရန် ဖြစ်ပါသည်။

၁၀။ သင်တန်းနေရာ အတိအကျ နှင့် ကုန်ကျစရိတ်ကို တစ်ရက်နှစ်ရက်အတွင်း အပြီး စုံစမ်း ပြီး အားလုံးသို့ အကြောင်းကြား ပါမည်။ သင်တန်းနေရာ ရသည်နှင့် စတင် ကြေငြာပါမည်။

၁၁။ သင်တန်းခန်းမကြေး စသည့် ကုန်ကျစရိတ်များအတွက် မိမိတို့ တတ်အားသလောက် ရံပုံငွေ ရှာကြရန် ဖြစ်ပါသည်။

Miniutes of Meeting for Pyinnyadana

ပညာဒါန

ပြုမည့် အစီအစဉ် ညှိနှိုင်း ဆွေးနွေးပွဲ


၂၅-၁၀-၂၀၀၉ - တနင်္ဂနွေ
KFC, Funan IT Mall (Ground Floor) – Left corner of the entrance
ညနေ ၆ နာရီ

၁။ ဆွေးနွေးပွဲ ရည်ရွယ်ချက်

သင်ကြားမည့် နေရာရွေးချယ်ခြင်း၊ သင်ကြားမည့် ဘာသာရပ် ညှိနှိုင်းခြင်း၊ သင်ကြားပုံ သင်ကြားနည်း စံနစ်များ ဆွေးနွေးခြင်း၊ သင်တန်းကြေး ကိစ္စ ဆွေးနွေးခြင်း၊ Sponsor လုပ်မည့် သူ (တစ်ဦးတစ်ယောက်ထဲ မဟုတ်၊ စေတနာ ရှိသူများအားလုံးပါဝင်) ရှာခြင်း။ သင်ကြားမှု အထောက်အကူ ပစ္စည်းများ စုဆောင်းခြင်း။

၂။ သင်ကြားမည့် နေရာ ရွေးချယ်ခြင်း

လောလောဆယ် TMC တွင် စုံစမ်းထားပါသည်။ သို့သော် အခြားပိုမို ဈေးသက်သာမည့် နေရာများကိုလည်း စုံစမ်းရန် ဖြစ်ပါ၏။ ဥပမာ- NTUC Learning Hub ကဲ့သို့သော သင်တန်းကျောင်းများ တွင် အခန်းရနိုင်မရနိုင်၊ ရနိုင်လျှင် ဈေးနှုံး မည်မျှရှိသည်။

ရွေးချယ်မည့် သင်တန်းခန်းမ သည် -

- အားလုံးအတွက် သွားလာရေးလွယ်ကူခြင်း
- စာသင်ကြားရန် သင့်တော်သော အခန်းဖြစ်ခြင်း
- သင်ကြားမှု အထောက်အကူ ပစ္စည်းများ ရနိုင်ခြင်း
- သင့်လျှော်သော ဈေးနှုံး ဖြစ်ခြင်း

၃။ သင်ကြားမည့် ဘာသာရပ် ညှိနှိုင်းခြင်း

လောလောဆယ် ဘာသာရပ် သုံးမျိုး (သို့မဟုတ်) လေးမျိုး သင်ကြားရန် ရည်ရွယ်ထားပါသည်။
- English
- Computer Application Programs (e.g; Microsoft Office)
- Engineering Mathematics
- Fundamental of Civil Engg. and/or Fundamental of Piping Engineering

ထို့ပြင် အခြား စိတ်ဝင်စားသူများ ရှိပါက AutoCAD, Fundamental of Welding, Fundamental of QA/QC Engineering စသည်များကို လည်း လိုလျှင် လိုသလို တိုးချဲ့ သင်ကြားပေး သွားမည် ဖြစ်ပါသည်။ (ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆိုသည်ကို ၀ိုင်းဝန်း ဆွေးနွေး ကြပါရန်)

၎။ သင်ကြားပုံ သင်ကြားနည်း စံနစ်များ ဆွေးနွေးခြင်း

သင်ကြားနည်းကို သင်တန်းဆရာများ စိတ်ကြိုက်ရွေးချယ်ရန် ဖြစ်ပါ၏။ အချိန်တိုအတွင်း သင်ရမည် ဖြစ်၍ မည်ကဲ့သို့ သင်လျှင် ပိုမို ထိထိ ရောက်ရောက် ရှိနိုင်မည်ကို ၀ိုင်းဝန်းဆွေးနွေးကြရန် လိုပါသည်။ သီအိုရီများ ချည်းထက် ပိုမို လက်တွေ့ဆန်သော ချဉ်းကပ်မှုမျိုးဖြင့် သင်လျှင် ပိုမိုစိတ်ဝင်စားနိုင်ပြီး ပိုမို ထိရောက်နိုင်မည် ထင်ပါ၏။ လက်တွေ့ လေ့ကျင့်ခန်း များလည်း ထည့်သွင်းနိုင်ပါသည်။ ဥပမာ - အတန်းထဲတွင်ပင် ခေါင်းစဉ်တစ်ခုကို အင်္ဂလိပ်လို ပြောခိုင်းခြင်း၊ ရေးခိုင်းခြင်း။ ပုစ္ဆာများ တွက်ခိုင်းခြင်း၊ အိမ်စာများ ပေးခြင်း

၅။ သင်တန်းကြေး ကိစ္စ ဆွေးနွေးခြင်း နှင့် Sponsor လုပ်မည့် သူ (တစ်ဦးတစ်ယောက်ထဲ မဟုတ်၊ စေတနာ ရှိသူများ အားလုံးပါဝင်) ရှာခြင်း

အကယ်၍ sponsor လုပ်မည့် စေတနာရှင်များ ပေါ်လာပါက အခန်းငှားခ စသော အခကြေးငွေများအတွက် ကောက်ယူမည့် သင်တန်းကြေးကို ပိုမို လျှော့ချနိုင်ပါလိမ့်မည်။ စကားစပ်၍ သော်လည်းကောင်း၊ တမင်သော်လည်းကောင်း မိမိမိတ်ဆွေများကို ရှင်းလင်းပြောပြကာ sponsor စေတနာရှင် များ ရှာဖွေနိုင်ပါသည်။ (လောလောဆယ် ကျွန်တော့်ကို ကမ်းလှမ်းထားသော ငွေကြေးအလှူရှင် နှစ်ဦး ရှိပါသည်။)

၆။ သင်ကြားမှု အထောက်အကူ ပစ္စည်းများ စုဆောင်းခြင်း၊ ပြုစုခြင်း

များသောအားဖြင့် စာအုပ်စာတမ်းများ ဖြစ်ပါသည်။ မိမိတွင် ရှိပြီးသား စာအုပ်စာတမ်းများ သုံး၍ သင်ကြားနိုင်သလို လိုအပ်လျှင် ၀ယ်ယူ စုဆောင်းနိုင်ပါသည်။ ထိုအထဲမှ မှတ်စုများထုတ်ကာ စာအုပ်ငယ်များအဖြစ် ပြုစုပြီး သင်တန်းသားများ သို့ ဝေငှပေးရန် ဖြစ်ပါသည်။
ကွန်ပြူတာ သင်တန်းအတွက် ကွန်ပြူတာ ရရှိနိုင်မှု အခြေအနေကိုပါ ထည့်သွင်း စဉ်းစားရပါမည်။
ထို့ပြင် လိုအပ်လျှင် စီဒီများ၊ ဗီစီဒီများလည်း ဖြန့်ဝေလိုက ဖြန့်ဝေနိုင်ပါသည်။ ဥပမာ - အင်္ဂလိပ်စကားပြော စီဒီများ၊ အင်္ဂလိပ် - မြန်မာ အဘိဓါန်များ၊ Engineering Tools formula and Templates စသည်။

၇။ သင်တန်းကာလ နှင့် အချိန်

သင်တန်းကာလကို သုံးလ ဟု အကြမ်းဖျဉ်း ခန့်မှန်းထားပါသည်။ သုံးလနှင့် လုံလောက် မလောက် ဆွေးနွေးကြရန် ဖြစ်ပါ သည်။ သင်တန်းချိန်ကို နေ့လည် ၁ နာရီ မှ ၄ နာရီ (သို့မဟုတ်) ၂ နာရီမှ ၅ နာရီ ထိဟု စဉ်းစားထားပါသည်။ သို့သော် သင်တန်းသားများမှာ တနင်္ဂနွေ အချိန်ပိုဆင်းရလျှင် လုပ်ခ နှစ်ဆရမည်ဖြစ်၍ အလုပ်ဖျက်နိုင် မဖျက်နိုင်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ ညပိုင်း သင်လျှင် ဖြစ်နိုင်မည်လား၊ သင်တန်းဆရာများ အနေနှင့် ကိုယ်ပိုင်အချိန်များ ပေးရများလွန်း နေမည်လား စသည်တို့ကို ချင့်ချိန် စဉ်းစားကြရန် ဖြစ်ပါသည်။ ညပိုင်း ဆိုလျှင် ညနေ ၆ နာရီမှ ၉ နာရီ ထိ ဖြစ်နိုင်ပါသည်။

၈။ အထွေထွေ

အခမဲ့ ဟု ကျွန်တော်တို့ ကြေငြာလိုက်လျှင် လုံးဝ အခမဲ့ ဖြစ်သင့်ပါ၏။ သို့မဟုတ်ပါက သင်တန်းခန်းမကြေး၊ စာအုပ်စာတမ်း ကြေးစသည်များကို သင်တန်းသားများက ကျခံရန် ဖြစ်ပြီး မည်မျှ ဆိုသည်ကို စကြေငြာကတည်းက ထည့်သွင်း ဖော်ပြထား သင့်ပါသည်။
အခြား အကြံဉာဏ်များရှိလျှင် ဖြည့်စွက် ဆွေးနွေးရန် ဖြစ်ပါ၏။

မှတ်ချက်။ ။ ကျွန်တော် မြန်မာပြည်သို့ နိုဝင်ဘာ ၁၆ ရက်နေ့မှ ဇန္န၀ါရီ ၇ ရက်နေ့ထိ ခွင့်ပြန်ပါဦးမည်။ ၂၀၁၀၊ ဇန္န၀ါရီ ၈ ရက်နေ့တွင် ပြန်လာပါမည်။ သင်တန်းကို ၂၀၁၀ ဇန္န၀ါရီ ၁၀ ရက်နေ့ စတင်ရန် ဖြစ်ပါသည်။ သင်တန်းစမည့် နေ့ရက်ကို ၀ိုင်းဝန်း ဆွေးနွေးကြရန် ဖြစ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄-၁၀-၀၉ (စနေနေ့)

A Plan for Pyinnyadana

စင်ကာပူရောက် မြန်မာများ၏ အရည်အသွေး မြင့်မားလာစေရေးအတွက်

ပညာဒါန
ပြုမည့် အစီအစဉ်

တင်ပြသူ - ဦးအေးငြိမ်း
ရက်စွဲ - ၁၈-၁၀-၀၉

၁။ နိဒါန်း

ယခုအခါ စင်ကာပူတွင် လာရောက် အလုပ်လုပ်နေသူ မြန်မာများမှာ ငါးသောင်းခန့် ရှိနေပြီ ဖြစ်ရာ ထိုအထဲတွင် မန်နေဂျာများ၊ အင်ဂျင်နီယာများ၊ Supervisor များ၊ QA / QC များ စသဖြင့် ရာထူးကြီးများတွင် လုပ်ကိုင်နေသူ အများအပြား ရှိသော်လည်း အများစုမှာ သာမန် အလုပ်သမား ကလေးများသာ ဖြစ်ပါ၏။
အခြေအနေ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက်ကာ အလုပ်လာလုပ်ရသော်လည်း ထို အောက်ခြေ လုပ်သား များမှာ မြန်မာပြည်တွင် ပညာအခြေခံ ပြည့်ပြည့်၀၀ သင်ယူ ဆည်းပူးခဲ့ရခြင်း မရှိခဲ့။ ထို့အပြင် လုပ်ငန်းအတွေ့အကြုံကလည်း နည်းနေ ပေသေးသည်။ အခြေခံပညာ ဆယ်တန်းအောင်ရုံမျှ၊ သာမန် ဘွဲ့တစ်ခုကို မည်ကာမတ္တ ရလာရုံမျှဖြင့် စင်ကာပူတွင်
အလုပ်လုပ်ရန် လုပ်ငန်းအခြေခံ ဗဟုသုတ ပြည့်ဝပြီ ဟု မဆိုနိုင်။ မိမိရလာသော ဘွဲ့နှင့် လုပ်နေရသော အလုပ်သည် သဟ ဇာတ ဖြစ်ဘို့ မလွယ်ကူလှချေ။
သမိုင်းပေးတာဝန်၊ အမျိုးဘာသာ သာသနာ စသော စကားလုံး ကြီးကြီးကျယ်ကျယ်များကို ဘေးချိတ်လျှက် ကျွန်တော်တို့ တတ်နိုင်သော တစ်ဖက်တစ်လမ်းမှ ထို တက်လမ်းရှိမည့် မြန်မာ လူငယ်ကလေးများကို သိသင့်သိထိုက်သော ပညာဗဟုသုတများ ပြန်လည် ဖြန့်ဝေပေးရသော် ကောင်းလေစွ ဟု အကြံရပါသည်။ သို့အတွက် ကျွန်တော်တို့နှင့် စိတ်တူ ကိုယ်တူ မိတ်ဆွေများ စုပေါင်းကာ အလကားနေ အလကား ထိုလူငယ်ကလေးများအတွက် ပညာပေး သင်တန်းကလေးများ ဖွင့်လှစ် သင်ကြားပေးလျှင် အကျိုးများမည်ဟု ယူဆပါသည်။
တစ်ကြောင်းမှာလည်း ထို သကောင့်သားကလေးများမှာ တစ်နေ့မှ ၁၆ ကျပ်၊ ၁၈ ကျပ်၊ သေရောကြေရော ၂၀ ထက် ပိုသူများ မဟုတ်ကြရကား သူတို့ထံမှ သင်တန်းကြေးယူပြီး သင်ရန်ကိုမူ စိတ်မကူးမိပါ။ သို့သော်လည်း ကျွန်တော်တို့ ၏ အချိန်နှင့် လူအား၊ ဉာဏ်အားများ စိုက်ထုတ်လုပ်ကိုင် ပေးရမည် ဖြစ်၍ ဆံထုံးလည်း စိုက်ရ၊ ဆီလည်း စိုက်ရ ဆိုသည်လည်း မဖြစ်စေလိုပါ။ သို့အတွက် မများလှ ဟု ယူဆရသော အခန်းငှားခ နှင့် အထွေထွေ အသုံးစရိတ် (ဥပမာ၊ စာအုပ်များ မိတ္တူ ကူးခြင်း) တို့အတွက်မူ ၎င်းတို့ကိုယ်တိုင် ကျခံ သုံးစွဲစေမှသာ သင့်လျော်ပေမည်။
ထို့ပြင် အလကားရသော ပစ္စည်းဟူသည် တန်ဘိုးထားသူ နည်းလှရကား တစုံတရာသော ငွေကြေးစိုက်ထုတ်စေခိုင်း လိုက်မှလည်း ၎င်းတို့ဘက်မှ လေးလေးစားစား ရှိလာလိမ့်မည် ဖြစ်ပါသည်။ သို့သော်လည်း ထို အခကြေးငွေသည် သူတို့ အတွက် ၀န်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်မနေဘို့တော့ လိုပါလိမ့်မည်။

၂။ သင်တန်း ခန်းမ စုံစမ်းခြင်း နှင့် သင်တန်းကြေး

မြန်မာမှန်လျှင် ပင်နင်စူလာ ကို မသိသူ မရှိ။ သို့အတွက် ထို ပင်နင်စူလာ ဘေးကပ်လျှက် TMC သည် အားလုံး အတွက် အဆင်ပြေနိုင်ပါလိမ့်မည်။ သင်တန်းသို့ တကူးတက သွားနေစရာ မလိုတော့ဘဲ ပင်နင်စူလာလည်း လာရင်း၊ သင်တန်းလည်း တက်ရင်း ပိုပြီး အဆင်ပြေပါ လိမ့်မည်။
ထို့ပြင်တ၀ ထို TMC သည် ကျောင်းတစ်ခု ဖြစ်သဖြင့် သင်တန်းအတွက် အလွန် သင့်တော်သော နေရာလည်း ဖြစ်ပေသည်။ ကျွန်တော်တို့ လိုချင်သော Teaching Facility များလည်း ရှိပါသည်။ (ပိုက်ဆံတော့ ပေးရမည်ပေါ့။)
TMC သို့ သွားရောက် စုံစမ်းသောအခါ အခန်းခကို ပူးတွဲပါ ဇယားအတိုင်း သိရပါသည်။
အကြမ်းဖျဉ်း ဆိုရသော် သင်တန်းခန်း+ projector သုံးခ = ၂၆၄ (၃ နာရီ - နေ့ဝက်စာ)
သင်တန်းတစ်ခုလျှင် လူငါးဆယ် လာမည် ဆိုအံ့။
တစ်ဦးလျှင် 264 / 50 = S$ 5.30 ခန့်သာ ကျပါမည်။ (တစ်ရက်စာအတွက်)
တစ်လလျှင် တနင်္ဂနွေ လေးရက် သင်မည် ဖြစ်ရာ တစ်လအတွက် S$5.30 x 4 = S$ 21.20 သာ ကျသင့်ပါမည်။ ဤသည်မှာ မများလွန်း၊ မနည်းလွန်းသော ကုန်ကျ စရိတ် ဖြစ်ပါ၏။ စာအုပ်ကော်ပီ ကူးခ မှာ တစ်အုပ်လျှင် ၁၅ ကျပ် ၂၀ ထက် မပိုနိုင်ပါ။
သင်တန်း တစ်ခုလုံးကို သုံးလဟု ခန့်မှန်းထားရာ သုံးလအတွက် 21.20 x 3 = 63.60 ဖြစ်ပါသည်။ စာအုပ်စာတမ်း ကြေး ပေါင်းလိုက်သော် အကြမ်းဖျဉ်း ၈၀၊ ၉၀ ခန့် ကုန်ကျပါမည်။ ဤလောက်တော့ သူတို့ ကျခံသင့်သည်ဟု ယူဆပါသည်။

၃။ သင်ရိုး

သင်တန်းတစ်ခုလျှင် ဘာသာရပ် သုံးခု သင်မည် မှန်းပါ၏။ အကြမ်းအားဖြင့် -
၁။ မရှိမဖြစ် လိုသော အင်္ဂလိပ်စာ
၂။ Engineering Mathematics + Fundamental of Piping / Mechanical / Civil / etc.
၃။ Computer Literate (Microsoft Office+++)
သုံးလမျှနှင့် ရှိသမျှ ပုံအောပြီး သင်ပေးဘို့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပါ။ သုံးလ ဆိုတာတောင် တစ်လလျှင် လေးရက်၊ တစ်ရက်လျှင် တစ်ဘာသာ တစ်နာရီမျှ သာ အချိန်ရမည် ဖြစ်ပေရာ သုံးလပေါင်းမှ သင်ချိန် ၁၂ နာရီမျှသာ ရပါ လိမ့်မည်။
ယခု ကျွန်တော်တို့ လုပ်ပေးမည်မှာ ၎င်းတို့ကို အူမချေးခါးမကျန် အသေးစိတ် အကုန် လိုက်သင်ပေးဘို့ မဟုတ်ဘဲ -
ဟောဒါကိုတော့ သည်လို လေ့လာရသည်။ ဒါဆို သည်လို ဖြစ်သည် - စသော key point များကိုသာ သင်ပေးမည်။ ကျန်တာ ၎င်းတို့ကိုယ်တိုင် ဆက်လက်လေ့လာရမည်။ လိုအပ်လျှင် ကျွန်တော်တို့ထံ သိလိုသည်များကို အချိန်မရွေး လာရောက် မေးမြန်းနိုင်သည် - ဆိုသည့် ပုံစံမျိုး ဖြစ်ပါသည်။
ဥပမာအားဖြင့် - Engineering Mathematics ဆိုကြပါစို့။ ကျွန်တော်တို့က တွက်ပုံတွက်နည်းနှင့် ဖော်မြူလာများ ပေးလိုက်မည်။ ဤ ဖော်မြူလာများကို မည်သို့သုံးရမည် ဆိုသည်ကို ပြပေးကာ တစ်ခုစ၊ နှစ်ခုစနှင့် အနည်းအကျဉ်း လေ့ကျင့်ခိုင်းမည်။ သည်လောက်ဆို သူတို့ သဘောပေါက်သွားပြီး ကျန်သည့် ဖော်မြူလာများပါ ဆက် သုံးတတ်သွားမည်။
ကျွန်တော်တို့ က Template များ၊ များနိုင်သမျှ များများ စုပေးကာ သူတို့ကို လက်တင်သုံး ပေးလိုက်မည် ဖြစ်ပါ၏။ ကျန်တာ သူတို့အပိုင်း။ ကျွန်တော်တို့က ချက်နည်း၊ ပြုတ်နည်းများ သင်ပေးမည်။ ထို့ပြင် အိုးခွက်၊ ပန်းကန်များ လည်း ပေးလိုက်မည်။ ချက်တာ၊ မြည်းတာ သူတို့အပိုင်း။

၎။ ဆရာ နှင့် သင်တန်းသား

ဆရာများကား စေတနာရှင် ဆရာများ ဖြစ်မည်။ အနည်းဆုံး ဘာသာရပ် သုံးခုအတွက် ဆရာ သုံးဦး လိုပါမည်။ သင်တန်းသားများကိုကား စီတီးဟောတွင် လက်ကမ်းကြော်ငြာများ ဖြန့်ခြင်းဖြင့် လည်းကောင်း၊ တစ်ဆင့်စကား၊ တစ်ဆင့် နားဖြင့် လည်းကောင်း စည်းရုံးရမည် ဖြစ်ပါသည်။

ဘာသာရပ် သုံးခုအတွက် ဆရာသုံးဦး အဆင်သင့် ရှိနေပါပြီ။ (ကျွန်တော်၊ ဦးနေမင်းဟိန်း နှင့် ဒေါ်ခိုင်ခိုင်အောင်၊ ဦးကျော်မင်းစိုး)
အခန်းလည်း လိုသည့်အချိန် ရနိုင်ပါသည်။ (ကျွန်တော် Booking လုပ်ထားပါ၏)
Teaching Material များ ကျွန်တော် စတင်ပြင်ဆင်နေပါပြီ။

မှတ်ချက်။ ။ လက်ရှိ ပရောဂျက်ပြီးလျှင် ခန့်မှန်းခြေ ရှေ့လလယ်၌ ကျွန်တော် ဗမာပြည် ခေတ္တပြန်ပါဦးမည်။ ဒီဇင်ဘာ လကုန်မှ ပြန်လာဖြစ်မည် ထင်ပါ၏။ သင်တန်း စဖြစ်လျှင်တောင် ၂၀၁၀ ဇန္န၀ါရီ လဆန်းပိုင်းမှ စဖြစ်ပါလိမ့်မည်။

ကျွန်တော် ဉာဏ်မီသမျှ ရေးလိုက်ခြင်း ဖြစ်ပါသည်။
ထပ်မံ၍ ပြင်ဆင်၊ ဖြည့်စွက် ကြပါကုန်။
စိတ်ဝင်စားသူများအား ဖိတ်ခေါ်ပါ၏။

Donation

အလှူဒါန ပြုကြ သူငါ
(၂-၁၁-၂၀၀၉)


မရဲပဲ ကျွဲပြဲစီးတယ် လို့ မယူဆကြပါနှင့် ခင်ဗျာ။ (ဒီထက် ပိုကောင်းတဲ့ ဥပမာကတော့ “- င်မနိုင်ပဲ၊ ပဲကြီးဟင်း သောက်” တဲ့)။
ဒီလိုဗျ။ ကျွန်တော်တို့က စေတနာတွေ ဗလပွနဲ့ ပညာဒါန ဆိုပြီး ကောင်လေးတွေကို စာသင်ပေးဘို့ စီစဉ်ကြတယ် မဟုတ်လား။ ဒါပေမဲ့ စာသာ အလကားသင်ပေးလို့ ရမယ်။ စာသင်ခန်းကျတော့ ငှားရမှာ ကိုး။ ဒီတော့ အခန်းငှားခ ပိုက်ဆံ လိုလာတယ်။
ကျွန်တော်တို့ မိတ်ဆွေတွေ စုပြီး တိုင်ပင်ကြတာကတော့ ပို့မဲ့ပို့ ကူးတို့ ရောက်အောင် ပို့ ဆိုသလို အခမဲ့ ဆိုရင်တော့ လုံးဝ ပိုက်ဆံ မကောက်ပဲ အလကား သင်ပေးတာပဲ ကောင်းတယ်။ အခမဲ့လည်း ပြောသေး၊ နောက်ပြီးတော့မှ မြေဖြူကြေး က တစ်ဆယ်၊ ဘောဖျက်ကြေးက အစိတ် လုပ်လို့ မဖြစ်ဘူး။ တော်ကြာ အပင်ပန်းခံပြီးတော့လည်း သင်ပေးရသေး။ ကွယ်ရာမှာ အတင်းပြောလည်း ခံရသေး ဖြစ်မယ်။ (ကမ္ဘာပေါ်မှာ အတင်းပြောတတ်တဲ့ လူမျိုးထဲမှာ ကျွန်တော်တို့လူမျိုးကို ဘယ်သူမှ မမီသေးဘူး။ ကျွန်တော်တော့ ဂျီးနက်စ် စာအုပ်ထဲ ထည့်ဘို့တောင် လျှောက်မလား စိတ်ကူးမိတယ်။)
ဒီတော့ သူတို့ဆီက တစ်ပြားမှ မမျှော်လင့်ပဲ အကုန် အိတ်စိုက်လုပ်လိုက်တာပဲ ကောင်းမယ် လို့ ဒီလိုပဲ သဘောတူ ကြတယ်။
ကဲ ဒါဆို ကျွန်တော်တို့ ဘယ်လောက် စိုက်ရမလဲ။ နည်းနည်းလောက် ပေသီးခေါက်ကြည့်ရအောင်။

အခန်းခ - (လူ ၄၀ ဆန့် – ၃ နာရီ တစ်ဆက်ရှင်စာ) – S$ 192.00
Projector Charges – (၃ နာရီ တစ်ဆက်ရှင်စာ) – S$ 36.00
_______________________________________________
For one session ( 3 hrs) - S$ 228.00
Then for the Whole Course ( 6 sessions) - S$ 1368.00 (= 228 x 6)
(စာအုပ်ကော်ပီကူးတာ ဘာညာကွိကွ နဲ့ဆို ၁၅၀၀ လောက် ရှိမယ်။)

ဆိုတော့ တစ်ယောက်ကို ၄ - ၅၀ လောက် လှူရရင်တော့ မထောင်းတာဘူးပေါ့ဗျာ။ ဒါပေမဲ့ ၄ - ၅၀၀ လောက် ဆိုရင် တော့ အိမ်က မိန်းမနဲ့ နောင်ဂျိန် ချရလိမ့်မယ်။

ဒါလောက် အချီးတွေ၊ နိဒါန်းတွေ လုပ်လိုက်ရင် ကျွန်တော် ဘာဆိုလိုချင်တယ် ဆိုတာ အင်မတန်ပါးလှတဲ့ ကျွန်တော့် မိတ်ဆွေများ သဘောပေါက်လောက် ပါပြီနော။

ဒီထက် ပိုပြီးရှင်းအောင် ပြောရရင်တော့ အဲဒီ အခတွေ အတွက် -

“သဒ္ဓါကြည်လင်၊ ပါရမီရှင် အပေါင်းတို့ထံ၊ အလှူခံပါတယ် ခင်ဗျား”
သဒ္ဓါတရား နည်းများမဆို (ဟင်၊ သူတို့လုပ်ချင်တာနဲ့ ဒို့ပါ မနေနိုင်မထိုင်နိုင် အတင်းဆွဲထည့် နေပြီ -
- လို့ တွေးမယ် မထင်ရက်ပါ။) ကုသိုလ်တော်များ ပါဝင်ကြပါရန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရ ပါသည်။

Mineral Water ပုလင်းနဲ့ Air Cond မပါ၊ နွေခါမှ သိ။
ဒါန နဲ့ သီလ မပါ၊ သေခါမှ သိ တဲ့နော။

ပညာဒါန အဖွဲ့

မှတ်ချက်။ ။ပိုက်ဆံမကုန်အောင် ဘုန်းကြီးကျောင်းလို ဟာမျိုးမှာ သင်လို့ရပေမဲ့ ကျွန်တော်ကတော့ သိက္ခာရှိရှိ၊ ကျကျနနလေး လုပ်ချင်တယ်။ ဒါမှလည်း ပိုပြီး စိတ်ဝင်စားမှု ရမယ်။ အကျိုးသက်ရောက်မှု ရှိမယ် လို့ ယူဆပါတယ်။ ဒိထက် ပိုပြီး ဈေးချိုတဲ့ နေရာကိုလည်း စုံစမ်းနေဆဲပါ ခင်ဗျား။

History of Pyinnyadana

ပညာဒါန ပြုကြသူငါ
(၁၇-၁၀-၀၉)

ဒီလိုဗျ။ ဒီနေ့ (၁၇-၁၀-၀၉) ရုံးပိတ်ရက်ပေမဲ့ အရေးကြီးတဲ့ အလုပ်ကလေးတွေ ရှိနေတာနဲ့ အလုပ်ကို ခဏ သွား ကြည့်တယ်။ စိတ်ချရပြီ ဆိုတော့ ပြန်ဘို့ ပြင်တယ်။ ဘုတ်က ၉ နာရီခွဲ တစ်စီး၊ ၁၂ နာရီ တစ်စီး၊ ၃ နာရီ တစ်စီး ဆိုတော့ အနီးဆုံး ဖြစ်တဲ့ ၉ နာရီ ခွဲ နဲ့ပြန်မယ်လို့ ၉ နာရီ ၁၅ လောက်ဆင်းခဲ့ပေမဲ့ ဘုတ်က လူပြည့်သွားပြီ ဆိုပြီး ထွက်သွားလို့ မမီလိုက်တော့ဘူး။

ကျွန်တော်နဲ့ အကြံတူတွေ ဖြစ်တဲ့ ဦးလှဌေးနဲ့ ဦးနေမင်းဟိန်းလဲ ကျွန်တော့်လိုပဲ အောင်မြင်စွာ တပ်ခေါက်ခဲ့ရတယ်။ နောက် တစ်ဘုတ် ထပ်စောင့်ပေါ့။ နောက်တစ်ဘုတ်ကျတော့ သိပ်နောက်ကျလို့ မဖြစ်တော့ဘူး။ ဒီတစ်ခေါက် လက်လွတ်သွား ရင် ညနေ ၃ နာရီထိ စောင့်ရတော့မှာ။ ဒါနဲ့ ၁၁ နာရီ ၁၅ လောက်ဆင်းခဲ့တော့ အား - ပါး - ပါး။ ကိုယ်နဲ့ အကြံတူတွေ သိပ်များ နေသကိုး။ စင်္ကြန်တလျှောက် တန်းစီးနေတဲ့ လူတန်းကြီးကို တစ်မျှော်တခေါ်ကြီး တွေ့ရတယ်။ အားလုံးက camp ထဲမှာ နေကြသူတွေ။ သူတို့လည်း ပိတ်ရက် ဆိုတော့ အပြင် ထွက်ချင်ကြပေမပေါ့။

ဒါပေမဲ့ ကျွန်တော်တို့က အလုပ်လာတဲ့သူတွေ ဆိုတော့ သူတို့နဲ့ ရောတန်းစီစရာ မလိုဘူး။ တစ်တန်း သပ်သပ် စီရတယ်။ အဲဒီအတန်းမှာတော့ လူသိပ်မများသေးပါဘူး။ လေးငါးခြောက်ယောက်ပဲ ရှိပါသေးတယ်။ ဘုတ်စောင့်ရင်း ဦးလှဌေးက သူတွေ့ခဲ့ကြုံခဲ့ရတဲ့ တိုင်းရင်းသားပြောင်းတဲ့ သူတွေအကြောင်း (တိုင်းရင်းသားပြောင်းခြင်း နှင့် နိုင်ငံသား ပြောင်းခြင်းကို မရောကြပါနှင့်။ တိုင်းရင်းသားပြောင်းကြသူများ အကြောင်း နောက်မှ စာတစ်ပုဒ် သပ်သပ် ရေးပါမည်။ အလွန် စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများနှင့် ပြည့်နှက်နေပါ၏) ပြောပြတယ်။ သူ့ပုံပြင်တွေကို ကိုစိုးရဲက လိုက်ထောက် ပေးတယ်။ ကိုယ်လည်း မနေနိုင်တော့ဘဲ ဒါဖြင့်ဗျာ၊ နောက် အားတဲ့အခါ အဲဒါလေးတွေ ပြောပြပါဦး လို့ လုပ်လိုက်ရတယ်။ ဘုတ်ပေါ်မှာလည်း ဆက်ပြောကြတာပေါ့။

ဦးနေမင်းဟိန်းနဲ့ ကျွန်တော်က နေတာ တစ်ရပ်ကွက်ထဲ။ ဆိုတော့ ဘတ်စ်ကားစီးတော့လည်း အတူတူပေါ့။ သူနဲ့ ကျွန်တော် ဘတ်စ်ကား အတူတူစီးရင်း စကားစနေ ပြောလာတာပေါ့။ ဒီမှာတင် ဦးဟိန်းက သူ့အာသီသ လေးကို ကျွန်တော့် ပြောပြတယ်။ (သူ့ထုံးစံအတိုင်း ရီစရာလေးတွေလည်း ပါတာပေါ့။)
သူက ကျောင်းဆရာလူထွက် ဆိုတော့ စာသင်ရတာ ၀ါသနာပါတယ်။ (ကျွန်တော်ကလည်း သူ့လိုပဲ။ ကျောင်းဆရာ လူထွက် ဆိုတော့ သူများကို ဆရာမှ နည်းနည်းလောက် မလုပ်လိုက်ရရင် စားမ၀င် အိပ်မပျော်တတ်တဲ့ ရောဂါ ရှိတယ်။) ဆိုတော့ သူက စင်ကာပူရောက်နေတဲ့ ဗမာတွေကို ပိုပြီး အရည်အချင်းမြင့်တဲ့ ထူးချွန်ထက်မြက်တဲ့ သူတွေ ဖြစ်လာအောင် စာသင်ပေးချင်တယ်။ တစ်နေ့တစ်နေ့ အလုပ်လုပ်ရင်း ကုန်ကုန်သွားရတာ (ကြီးကြီးကျယ်ကျယ် ပြောရရင်) ဒီ့ထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀ တစ်ခု တည်ဆောက်ချင်တယ် ပေါ့ဗျာ။
တစ်နည်းအားဖြင့် ကျွန်တော်တို့ ရဲ့ အတတ်ပညာတွေ သူတို့ကို ပြန်လည်မျှဝေ ဒါန ပြုရသော် ကောင်းလေစွ လို့ တိုင်ပင်ကြတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတယ်။
အမှန်ပြောရရင်ဗျာ။ ကျွန်တော် တရားဝင်မဟုတ်၊ လူသိရှင်ကြားသာ မဟုတ်တာ။ ကိုယ့်ဟာနဲ့ကိုယ် ကောင်လေးတွေ ကို ခေါ်ပြီး တိုစိတိုစိ နဲ့ သင်ပေးခဲ့တာတွေ တော်တော်များနေပါပြီ။ ဟိုးအရင် ကနေဒါသွားမဲ့ ကောင်လေးတွေကို ပိုက်ပြင်ပိုက် ဆက်နဲ့ (Pipe Fitting and Fabrication) ပတ်သက်တာတွေ။ ဂဟေဆော်တာ (Welding) တွေနဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ အခြေခံ အင်္ဂလိပ်စာ တွေ။ ဒါ့အပြင် ကိုစောဝေ အမျိုးသမီး အပူကပ်လို့ သူ့သားနဲ့ သူငယ်ချင်း နှစ်ယောက်ကို GCE’O’ မြန်မာစာ သင်ပေးရတာတွေ စသဖြင့်ပေါ့။
တိုတိုပြောရရင်။ ကျွန်တော်တို့ စင်ကာပူမှာ လာပြီး အလုပ်လုပ်နေတဲ့ ကောင်လေးတွေကို စာသင်ပေးချင်တယ်။

ဦးနေမင်းဟိန်းက ၂ ဘာသာ သင်ပေးနိုင်တယ်။
(သူက ကွန်ပြူတာ အခြေခံ Application Software တွေ ဖြစ်တဲ့ Word, Excel, Power Point) တွေရယ်။ Report ရေးနည်း၊ စံနစ်တကျ Data Entry လုပ်နည်း စသဖြင့်ပေါ့။ ဒါ့အပြင် သူက ဆောက်လုပ် ရေး အင်ဂျင်နီယာ ဆိုတော့ ဆောက်လုပ်ရေး အခြေခံပညာရပ်တွေပါ သင်ပေးနိုင်တယ်။)


ကျွန်တော်ကလည်း ၂ ဘာသာလောက် သင်ပေးနိုင်တယ်။
(ကျွန်တော်က Engineering Mathematics နဲ့ Piping Engineering ကို သင်ပေးနိုင်တယ်။ Pipe Fitter တွေ သိသင့် သိထိုက် တဲ့ ဟာတွေ။ Piping Engineer တွေ သိထားရမဲ့ ဟာတွေ။ Welder တွေ သိထားရမဲ့ အခြေခံ ဗဟုသုတ တွေ ကို သင်ပေးချင်တယ်။ ကျွန်တော်က ပိုက်နဲ့ လုပ်လာတာ ဆယ်နှစ်ကျော်ပြီ။ ၀ါသနာအရ စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေ လည်း အများကြီး ရှိတယ်။ ပိုက်နဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးအုံးမယ်။ ခုလောလောဆယ် ရေးနေတဲ့ စာအုပ်ပြီးရင် ဆက်ရေးဘို့ပဲ။)

ကျန်တဲ့ တစ်ယောက်လောက် ပါလာရင် ပိုပြီး အဆင်ပြေမယ်။
(သူ့ကျတော့ အင်္ဂလိပ်စာ၊ အရေး၊ အဖတ်၊ အပြော၊ နားထောင် လေးမျိုးလုံးကို သင်ပေးမယ် ပေါ့။)

အဲဒီလို သုံးယောက်လောက် သင်လိုက်ရရင် တော်တော် စုံတဲ့ သင်တန်းလေး ဖြစ်သွားမယ်။
ခု စင်ကာပူမှာ လာပြီး အလုပ်လုပ်နေတဲ့ ဗမာတွေ တော်တော်များနေပြီ။ ပညာတတ်တဲ့သူတွေလည်း ပါ။ အခြေခံအဆင့် လောက်ပဲ တတ်တဲ့သူတွေလည်း ပါပေါ့။ သေချာတာကတော့ အခြေခံပညာ အဆင့်နဲ့လာတဲ့ သူတွေ ပိုများတယ် ဆိုတာပါပဲ။

အဲဒီသင်တန်းလေးသာ ဖြစ်သွားရင် (ကိုယ့်ဘ၀ တက်လမ်းအတွက် လေ့လာချင်တဲ့) ဗမာတွေအတွက် တော်တော်လေး အကျိုးများလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

တကယ်လုပ်ဖြစ်မယ် ဆို တနင်္ဂနွေနေ့တိုင်း တစ်နေ့ကို သုံးနာရီ သင်မယ်။ (ဆရာသုံးယောက် တစ်ယောက်ကို တစ်နာရီ)
သင်မဲ့အခန်းကို ငှားမယ်။ (အခန်းငှားဘို့ ကျွန်တော့်တာဝန်ထား၊ အရင် ကနေဒါသွားမဲ့ ကောင်လေးတွေ သင်တုံးက ကျွန်တော် TMC မှာ အခန်းငှားပြီး သင်ပေးဖူးတယ်။ သူက ကျောင်းဆိုတော့ Teaching Facility အပြည့်အစုံ ရှိတယ်။ ဈေးလည်း သိပ်မဆိုးဘူး ဆိုရမယ်။ အခန်းငှားခကိုတော့ သင်တန်းလာတက်တဲ့ သူတွေကို မျှဝေခံစားကြဘို့ ပြောပြရမှာပေါ့။ ကျွန်တော်တို့က အလကား သင်ပေးမယ်။)
စီးတီးဟောမှာ ကြေငြာပြီး ကျွန်တော် ဗမာပြည်က ပြန်လာတဲ့ အချိန် (၂၀၁၀ ဇန္န၀ါရီ လဆန်းလောက်) စချင်တယ်။

ဆိုလိုတာက သင်ပေးမဲ့ ဆရာသုံးယောက်မှာ ကျွန်တော်နဲ့ ဦးနေမင်းဟိန်း အပြင် နောက်တစ်ဦး (အင်္ဂလိပ်စာ ဆရာ) လိုတယ်။ ကျွန်တော်တို့နဲ့ စိတ်တူ၊ ကိုယ်တူ သင်ချင်သူတွေကို ဖိတ်ခေါ်ပါတယ်။

နောက်တစ်ယောက်ရပြီ ဆိုတာနဲ့ ကျွန်တော်တို့ ကိုယ်သင်မဲ့ ဘာသာတွေကို စပြီး သင်ရိုးညွှန်းတမ်း ရေးမယ်။ တစ်နေ့ တစ်နာရီ နဲ့ သုံးလ အတွက် ၁၂ နာရီ စာ ဆိုပါတော့။

လုပ်ပါဗျာ။ တစ်နေ့ စာသင်ချိန် တစ်နာရီ၊ သွားတာလာတာ တစ်နာရီထား။ တစ်ပတ်ကို နှစ်နာရီလောက် ကိုယ်ပိုင် အချိန်ထဲက အများအကျိုးအတွက် မျှပေးချင်တဲ့သူများကို ဖိတ်ခေါ်ပါတယ်။ ဒါလေး ဖြစ်သွားရင်တော့ တော်တော်ကောင်းမယ် ထင်တယ်။

ဒီနေ့ညနေ ကျွန်တော် စီးတီးဟောမှာ စာသွားရွေးဘို့ ရှိတယ်။ အဲဒီသွားရင်းနဲ့ (ဖွင့်သေးရင်) ကျောင်းကိုပါဝင်ပြီး အခန်းငှားခ ဘာညာ စုံစမ်းခဲ့မယ်။ သတင်းပလင်း ရရင် အကြောင်းကြားလိုက်မယ်။

ကျွန်တော်တို့မှာ နှစ်ပေါင်းများစွာက စုဆောင်းထားတဲ့ Template တွေရှိတယ်။ သူတို့ကို ပေးပြီး ဒါတွေ ဘယ်လို သုံးရမလဲ ပြပေးလိုက်ရင် တော်တော် ခရီးရောက်မယ်။

စိတ်ဝင်စားတဲ့သူတွေ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။

အေးငြိမ်း
97303027

English Lesson Schedule

Class
Pyinnyar Darna (Intermediate Level)

Teacher
Khine Khine Aung

Duration
55 mins

Vision
Everyone is a winner.

Mission
We will be energetic, fun loving, sincere and bond together like a family with warmth and care. We will be serious and committed in fulfilling our vision and goal.

Lesson Objective
Introduction on Phonetics: Vowels, consonants, Phonetics symbols, word stress.

Summery
After the lesson, students will know basic knowledge of Phonetics terms .They also can read the phonetics scripts in the dictionary and pronounce the words correctly.



Registration List till 8/11/2009

Queue List till 8/11/2009.

No. NAME
1 Yu Shein
2 Saw Zaw Moe Naing
3 yan naime myo
4 MYO MYINT NAING
5 Ye Khaung Nyunt
6 HLA MIN HTIKE
7 SOE MYINT OO
8 AUNG KOKO PHAING
9 aung soe moe
10 chit ko aung
11 Khin htwe htwe swe
12 Tun Tun Naing
13 San Min Latt
14 AUNG NAING WIN
15 nan nyo mi aung
16 THAN NAING OO
17 Aung zaw min
18 PHYO KHAING SOE
19 Mg saw thi ha
20 Tin zar khaing
21 Kywe Kywe, 922381
22 Nay lynn htike
23 Aung ko min
24 win zaw lat
25 thet naing
26 Ei Ei Thet
27 EI MON TAR
28 yu wai win
29 Kyi Pyar Win
30 Ma Kay Zin Win
31 Ma tin tin cho
32 Tin Mar Wai
33 Kathi soe
34 Ko Khin Aye
35 Khin Hteik Tin
36 Su su lwin
37 Swe zin win
38 Win naing thein
39 Khaing zin oo
40 yadanar hlaing
41 Zin War Win
42 Thin Thin Hlaing
43 naing naing myint tun
44 May Zun Oo
45 Ma hmwe
46 Nay Win Tun
47 Nyein Nyein Aye
48 ei thin zar moe
49 Win Zaw
50 Zaw min latt
51 Khine khine phyoe
52 KHIN MAUNG THAN

No. 1 to 40 will be the First Batch. Others will be in following batches. Those who dose not come on opening ceremony on 10th Jan 2010 will be replaced by the following numbers e.g No. 41, 42 etc.