Monday, July 4, 2011

ပညာဒါနသင်တန်းများ



စင်ကာပူတွင် လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာများ၏ အင်္ဂလိပ်စာ နှင့် စကားပြော၊ တရုတ်စကားပြော၊ အင်ဂျင်နီယာဆိုင်ရာ အသိပညာ၊ စာရင်းအင်းဆိုင်ရာ အတတ်ပညာများ တိုးတက်လာစေရန်ရည်သန်၍ ပင်နင်စူလာ ၇ ထပ်၊ အခန်း ၂၆ တွင် ပညာဒါနသင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျှက်ရှိပါသည်။
ယခု နောက်ဆုံးသတင်းအချက်အလက်များကို ထပ်မံ ပေးပို့အပ်ပါသည်။ မသိသေးသူများအား လက်တို့လိုက်ကြ ပါကုန်။
ကျွန်တော်၏ Piping Engineering သင်တန်းကို လာမည့်စနေနေ့ (၉-၇-၂၀၁၁) နေ့တွင် စတင်မည်ဖြစ်ရာ သင်တန်း တက်လိုသူများ ကြော်ငြာစာရွက်တွင်ပါသည့် Piping Class, Class Code: EN101 ဆိုပြီး စာရင်းပေးနိုင်ပါသည်။ (ကျွန်တော့်ထံတိုက်ရိုက်ဆက်သွယ်ရန် မလိုပါ။)
စာရင်းပေးနည်းမှာ ထို EN101 ဘေးနားကပ်လျှက်ဖော်ပြထားသော ဖုံးနံပါတ် ၈၃၉၃ ၁၄၀၇ သို့ မိမိနာမည် နှင့် EN 101, July Intake ဆိုပြီး sms ပို့ရန်ဖြစ်ပါသည်။
အခြားသင်တန်းများသို့ တက်လိုသူများလည်း သက်ဆိုင်ရာသင်တန်း code နှင့် ၎င်းသင်တန်းအတွက် သက်ဆိုင်ရာ ဖုံးနံပါတ်သို့ မိမိနာမည်၊ သင်တန်းcode: မည်သည့်လတွင်စမည့်သင်တန်း စသည်တို့ကို sms ပို့ကာ register လုပ်နိုင်ပါသည်။