Friday, April 30, 2010

Lets Learn English

ကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေး Websites တွေဆီကို အလည်သွားကြရအောင် ။

1.
(www.nonstopenglish.com)

ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး
ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ
အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary
Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်
Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email
Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ
တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

2
(www.englishclub.com)

သူကတော့ ဒုတိယအကောင်းဆုံး Learning English websites ပါ။ ဒီ
website မှာတော့ လူငယ်ကြိုက် လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို
ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ကဗျာလေးတွေ၊ စာလေးတွေကို website
ပေါ်မှာပြန်ပြီး Upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက်
(Comments)တွေကိုလည်း website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင်
အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့မေးခွန်းပြသနာတွေကိုလည်း အခမဲ့ email
နဲ့ ဖြေကြားပေးပါသေးတယ်။

3
(www.freeenglish.com)

ဒီ website မှာတော့ အခမဲ့သင်ခန်းစာတွေ၊ English နဲ့ ပတ်သက်တဲ့
ebook တွေကို download ရယူ နိုင်ပါတယ်။

4
(www.rong-chang.com)

ဒီ website ကတော့ အင်္ဂလိပ်စာကို second language အဖြစ် လေ့လာတဲ့
သူတွေအတွက် အထူး လွှင့်တင်ထားတဲ့ website ပါ။ အထူးသဖြင့် ကျွန်မ
တို့လို english ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက်
သင့်လျော်ပါတယ်။ လေ့ကျင့်ခန်း မျိုးစုံထဲက ကိုယ်နဲ့ကိုက်ညီမယ့်
လေ့ကျင့်ခန်းတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။

5
(www.englishathome.com)

ဒီ website မှာတော့ Grammer, vocabulary, verbs and speaking
games တွေနဲ့ english newsletter (သတင်းလွှာ)တွေကို အခမဲ့ရယူနိုင်ပါတယ်။

6

(www.nylanguageexchnage.com)

ဒီ website ကတော့ နာမည်အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို
မတူညီတဲ့ လူနှစ်ယောက် သင်ယူ တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ -
ပြင်သစ်စကား သင်နေတဲ့ english speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကားသင်နေတဲ့
french speaker တစ်ယောက် အပြန် အလှန် သင်ကြားတဲ့ပုံစံမျိုးပါ။

7

(www.roseofyork.co.uk)

ဒီ website ကိုတော့ the rose of york english college က
လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ general english, business
english, academic english, english speaking စတာတွေကို အခမဲ့သင်ကြား
လေ့လာနိုင်ကြပါတယ်။



8

(www.expertenglish.com)

ဒီ site မှာတော့ user တွေကိုယ်တိုင် ပါဝင် (participate)
နိုင်တဲ့ program တွေနဲ့ အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ - one
stop english perfection program မျိုးတွေနဲ့ပါ။

9

(www.worldenglish.com)

ဒီ website ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ english
ဘာသာလေ့လာသူတွေအနေနဲ့ Highest quality english language resources တွေကို
ရရှိကြစေနိုင်ဖို့ လွှင့် တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က
မျက်စိမှုန်သူများနှင့် အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့
font size အကြီး အသေးကို အဆင့် ၄ ဆင့်အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်
ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ် ပျက်နေသူတွေအတွက်
များစွာသင့်လျော်ပါတယ်။

10

(www.learnenglish.org.uk)

ဒီ website မှာတော့ english ဘာသာလေ့လာ ရာမှာ အထောက်အကူပြု
quotes တွေ၊ films တွေ၊ music file တွေကို အခမဲ့ download
ရယူနိုင်ကြပါတယ်။

Wednesday, April 21, 2010

ပညာဒါနသင်တန်း အမှတ်စဉ်(၂) သင်တန်းသားများစာရင်း

ပညာဒါနသင်တန်း အမှတ်စဉ်(၂) သင်တန်းသားများစာရင်း ဖြစ်ပါသည်။ နောက်ထပ်ရရှိသော သင်တန်းသားများကို ထပ်မံဖြည့်စွက်ပါမည်။ သင်တန်းဖွင့်ရက်ကို ၂၀၁၀၊ မေလ ၂ ရက်နေ့ သတ်မှတ်ထားပါသည်။ သေချာသောအခါ ထပ်မံ ကြေငြာပါမည်။

Monday, March 22, 2010

English Lesson 6

ပုံကြီးမြင်ရန်နှင့် download လုပ်ရန် ပုံပေါ်တွင် ကလစ်နှိပ်ပါ။



English Lesson 5





သုံးသပ်ချက်နှင့် အလားအလာ

(၂၂၊ ၃၊ ၂၀၁၀)

သင်တန်းပြီးသောအခါ ဤသင်တန်းအပေါ် ထင်မြင်ယူဆချက်များကို သဘောထား ကောက်ခံကြည့်ပါသည်။
သင်တန်းသားအားလုံးကပင် - - -
ဤသင်တန်းသည် သူတို့အတွက် အကျိုးရှိပါသည်။
သင်တန်းမှ ရသော ဗဟုသုတများသည် အလုပ်အတွက် များစွာ အထောက်အကူပြုပါသည်။ နောင်တွင်လည်း ဤသင်တန်းမျိုးများ ဆက်လက်ဖွင့်သင့်ပါသည်။
သို့သော် သင်ကြားချိန်နည်းသဖြင့် သိပ်တော့ အားရမှုမရှိပါ။ ဖြစ်နိုင်လျှင် အချိန် လုံလုံလောက်လောက်နှင့် ကျကျနန သင်လိုပါသည်။
Account, M & E, Electrical and Electronic, Construction Rules and Regulations စသည်တို့ကိုလည်း သင်ပေးစေလိုပါသည်။

- - စသဖြင့် ပြန်လည် ဖြေကြားကြပါသည်။
ကျွန်တော်တို့ကလည်း သေသေချာချာ သင်ပေးလိုကြပါသည်။ သို့သော် အခက်အခဲ အနည်းငယ်ရှိပါသဖြင့် သည်မျှနှင့် တင်းတိမ်လိုက်ရခြင်း ဖြစ်ပါ၏။ သည်သင်တန်းမှာ ပထမဦးဆုံး မြေစမ်း ခရမ်းပျိုးလိုက်ရခြင်း ဖြစ်သဖြင့် အဆင်ပြေချင်မှ ပြေပါမည်။ သည်သင်တန်းမှ အတွေ့အကြုံများကို ယူကာ နောက် သင်တန်းများ ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမည် ဖြစ်ပါသည်။ ပထမသင်တန်းသားများ သည့်ထက် ထပ်လိုချင် ပါသေးသည် ဆိုလျှင် သူတို့အတွက် သီးသန့်(advance) သင်တန်းတစ်ခု ထပ်ဖွင့်ရန် ကြံရွယ်ပါသည်။ သူတို့ သဘောထားကို နောက်မှ ကောက်ပါမည်။


နောက် သင်တန်းအတွက် register လုပ်ခိုင်းလိုက်သောအခါ ပထမသင်တန်းမှာကဲ့သို့ပင် work permit သမားများ သိပ်မရှိလှဘဲ -
၁၀ တန်း - ၆ ယောက် (13%)
ဘွဲ့ရ - ၁၄ ယောက် (31%)
A.G.T.I & Engineering Diploma ၁၁ ယောက် (25%)
Bachelor of Engineering - ၁၄ ယောက် (31%)
-- တွေ့ရပါသည်။ သို့အတွက် သူတို့ကို intermediate level လောက် သင်ပေးရန် ရည်မှန်းပါသည်။
သင်တန်းခန်းမကြေး ပေးရန်အတွက် သင်တန်းမှတ်ပုံတင်ကြေး ၁၅ဒေါ်လာ ကောက်ရန်ကိုမူ အားလုံးက သဘောတူကြပါသည်။ သို့ဆိုလျှင် ကျွန်တော်တို့ ခေါင်းသိပ်ကိုက်စရာ မလိုတော့ပါ။

အားလုံးကို ကျေးဇူးတင်ပါသည်။

တစ်ဦးက စေတနာ၊ တစ်ဦးက မေတ္တာ

(၂၂၊ ၃၊ ၂၀၁၀)

အမှန်ကိုဆိုရလျှင် နောက်ဖွင့်မည့်သင်တန်းအတွက် သင်တန်းခန်းမကြေးမလုံလောက်၍ ကျွန်တော်တို့ ခေါင်းချင်းရိုက် နေကြချိန်ဖြစ်ပါ၏။ သူငယ်ချင်းများကို အလှူခံရန်ဖြစ်သော်လည်း ရေရှည်တွင် ထပ်ကာ ထပ်ကာ အလှူခံရန်မှာ အားနာဘို့ကောင်းလှသည်။ ယခုတစ်ခါ အားနာပါးနာနှင့် phone sms များပို့ကာ အလှူခံရာ ၄၀၀ မျှ ရပါ၏။ ၄၀၀ ဆိုသော်လည်း ၁၀၀ မှာ လက်ရှိသင်တန်းတက်နေသူ ကိုရာဇာမှ လှူဒါန်းခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ဘာမှ မပြောရသေးပဲ လှူလာခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ပြဿနာကိုသိသူ သင်တန်းသူ၊ သင်တန်းသားများက နောက်ဆုံးချိန်မတိုင်မီ တစ်ချိန်တွင် စုပေါင်းလှူကြရန် ပြောကြပါ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါ၏။ သို့သော် ကျွန်တော့်မှာ ကိုယ့်ဒုက္ခနှင့်ကိုယ် မလေးရှားသို့ မသွားမဖြစ် သွားလိုက်ရ၍ ကျွန်တော်တက်ချင်သော နောက်ဆုံးအချိန်ကို မတက်လိုက်ရပါ။
သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်လိုက်ချင်သော်လည်း မရိုက်ဖြစ်လိုက်၍ စိတ်မကောင်းပါ။
သင်တန်းသားများမှ စုပေါင်းလှူငွေ ၇၈၅ ဒေါ်လာကို ကျွန်တော် မလေးရှားမှ ပြန်ရောက်ရောက်ချင်း ကိုဌေးဝင်းနိုင်က လာပေးပါသည်။ သာဓု၊ သာဓု၊ သာဓု။ ကျေးဇူးအထူးတင်ပါသည် သင်တန်းသားများ ခင်ဗျား။




သင်တန်းသားတစ်ဦးဖြစ်သူ ဦးယုရှိန်မှ Topayoh ဘုန်းတော်ကြီးကျောင်းတွင် လောလောဆယ် ကလေးများကို မြန်မာစာသင်ပေးနေသော အခန်းတစ်ခန်း ရှိကြောင်း၊ ထိုအခန်းတွင် သင်လိုပါက သူ ဆရာတော်များနှင့် ဂေါပကကို ပြောပေးနိုင်ကြောင်း ပြောလာသဖြင့် ၀မ်းသာရပါ၏။ ကျေးဇူးလည်း အထူးတင်ပါသည်။ ထိုအကြောင်းကို ကျွန်တော်က ဆရာ၊ ဆရာမများနှင့် တိုင်ပင်ပါ၏။ အားလုံးကပင် လက်ရှိသင်နေသော အခန်းကလေးနှင့် လမိုင်းကပ်ကြောင်း၊ သွားရလာရလည်း အားလုံးအတွက် (သင်တန်း လာတက်မည့်သူများအတွက်) အဆင်ပြေကြောင်း၊ ကျောင်းဖြစ်သဖြင့် စိတ်ဝင်စားမှုမှာလည်း ပိုကောင်း ကြောင်း စသည်တို့ပြောဖြစ်ပြီးနောက် ငွေရေးကြေးရေး အဆင်ပြေလျှင် သည်မှာပင် ဆက်သင်ရန် ပြောဖြစ်ကြပါသည်။

နောက်ပြီး ကျွန်တော်တို့က သိပ်မအော်နိုင်။ ဆရာမဒေါ်ခိုင် သင်သော အင်္ဂလိပ်စာသင်တန်းမှ သီချင်းများ နားထောင်ဘို့လည်း speaker ကလေး လိုချင်သည်။ ဆရာမက ၁၃၀ လောက်ဆိုလျှင်တော့ microphone ပါသော amplifier ကလေးကို sound box နှင့်တကွ ရနိုင်ကြောင်း ပြောသဖြင့် နောင်ခါလာ နောင်ခါဈေး။ နောက်မှ ကိုယ်ပဲစိုက်ရစိုက်ရ ဆိုပြီး ဆရာမကို ကြုံလျှင် ၀ယ်သာဝယ်လိုက်ပါဗျာ ဟု ပြောလိုက်၏။

ဆရာဟိန်းကလည်း ဆရာဦးညီလှငယ် (ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်) က ကျွန်တော်တို့ သင်တန်းအကြောင်း သိကြောင်း၊ သူရေးထားသော စာအုပ်များပေးလိုက်ကြောင်း၊ အလွန်အဖိုးတန်ကြောင်း၊ သည်သင်တန်းတွင် သင်ပေးပါဟု ဆရာက ဆက်ဆက်မှာလိုက်ကြောင်း များပြောပြီး ၆ ချိန်နှင့်တော့ လောက်မည်မဟုတ်။ ၈ ချိန်မှ ရမည် ဆိုပါသည်။ သို့အတွက် သင်တန်းချိန်ကို ၈ ချိန်သို့ တိုးချဲ့လိုက်ရန် သဘောတူကြပါသည်။

ဆရာမ ဒေါ်ခိုင် ကလည်း သူက အင်္ဂလိပ်စာအုပ်ဝယ်ပြီး ဤသင်ရိုးအတိုင်း သင်ချင်ကြောင်း၊ သူ့စာအုပ်များမှာ ရန်ကုန်တွင်ရှိကြောင်း၊ သည်တွင်ဝယ်လို့ရနိုင်၊ မရနိုင် မသေချာကြောင်း ပြောရာ ကျွန်တော်က ၀ယ်ချင်လျှင်တော့ စာအုပ်ဆိုင်ကို စာအုပ်နာမည်နှင့် စာရေးဆရာနာမည်ပေးပြီး မှာလို့ရကြောင်း ပြောလိုက်ပါ၏။

သို့နှင့် အောက်ပါအတိုင်း အကြမ်းဖျဉ်း သတ်မှတ်လိုက်ကြ၏။
 နောက်ဖွင့်မည့် သင်တန်းကို မေလ ပထမပတ်၏ တနင်္ဂနွေတွင် ဖွင့်မည်။ (02/05/2010-Sunday)
 ၈ ချိန်သင်မည်။
 ၂၀၊ ၄၊ ၁၀ တွင် သင်တန်းသားများကို စတင်ဆော်သြမည်။
 ၂၈ မှ ၃၀၊ ၄၊ ၁၀ တွင် သင်တန်းတက်မည့်သူများကို ထပ်မံ confirm လုပ်ခိုင်းမည်။
 ဆရာမ ဒေါ်ခိုင်ခိုင်အောင်က - English Proficiency Course Intermediate Level
 ဆရာဦးနေမင်းဟိန်းက -
o Part 1. i. Construction Work Report
ii. Construction Work Schedule
iii. Data Base for Construction
iv. Data Base application
o Part 2. Concrete Mix Design - 4 hrs
o Part 3. Construction Planning အကြောင်း သိကောင်းစရာ ဟောပြောပွဲ - 1 hr.
 ကျွန်တော်က ပြီးခဲ့သည့် အပတ်က အတိုချုံး သင်လိုက်ရသည့် Engineering Mathematics ကို သေသေချာချာ သင်မည်။ Piping အကြောင်းကိုလည်း ပို၍ ပြည့်ပြည့်စုံစုံသင်နိုင်မည်။

နောက်တစ်ခု - -
ဆရာမသင်မည့် တရုတ်စာနှင့်စကားပြော (Fundamental of Chinese Language – 4 Skill) ကို ဘယ်လို လုပ်မလဲ (တစ်ချိန် သပ်သပ်ခွဲသင်ဘို့တော့ သူ့လည်းအားနာရသေးသည်) ဆွေးနွေးကြ၏။
ဆရာမက သင်တန်းချိန်ကို တစ်ရက် လေးနာရီလုပ်၊ နောက်ဆုံးနှစ်ချိန်ကို သူယူမည်။ ပထမ တစ်နာရီကို အင်္ဂလိပ်စာ သင်မည်။ နောက် သင်တန်းသားအားလုံးပြန်လွှတ်လိုက်ပြီး ကျန်သည့်နောက်တစ်နာရီကို တရုတ်စာသင်မည် ဟု ဆို၏။ ကောင်းသော အစီအစဉ်ဖြစ်သော်လည်း သင်တန်းခန်းကိစ္စ ကျွန်တော် TMC နှင့် ညှိရန် လိုသေးသဖြင့် ခေတ္တ ရပ်ထားရန် နှင့် တရုတ်စာကိုတော့ တစ်ချိန် ၁၀ ယူရန် (ပညာဒါန သင်တန်း များ ၏ အခန်းငှားခအတွက်) သဘောတူကြ၏။

ဤသည်မှာ နောက်သင်တန်းအတွက် အကြမ်းဖျဉ်း လျာထားချက်များဖြစ်ပါသည်။
သည်တွင် တစ်ခုပြောစရာ ရှိသည်မှာ ပထမ သင်တန်းသားများ ဖြစ်ပါ၏။ ယခု ကျွန်တော်တို့က အစီအစဉ်များ တိုးချဲ့လိုက်တော့ ပထမ သင်တန်းသားများအတွက် နည်းနည်း ထည့်စဉ်းစားချင် လာပါသည်။ သူတို့က တကယ့် အားကြိုးမာန်တက် လေ့လာကြသူများ ဖြစ်၏။
သည်အတွက် တခြားဟာတွေထားလို့ (တခြားဟာတွေကတော့ သိပ်မခြားနားပါ) ဦနေမင်းဟိန်း၏ နောက်ဆုံးအချိန် ဟောပြောပွဲလေးကိုတော့ သူတို့ကို ဖိတ်ချင်ပါသည်။ အခန်းအခြေအနေကြည့်ပြီး ကျွန်တော် သင်တန်းသားဟောင်းများထံ sms ပို့လိုက်ပါမည်။ စိတ်ဝင်စားသူများ လာခဲ့ကြပါခင်ဗျား။