

ပညာဒါနသင်တန်း အမှတ်စဉ်(၁) သို့ တက်ရောက်ရန် အတွက် စာရင်းပေးထားသူလူ(၁၀၀) ထံသို့ telephone message များပို့ရာ ထိုအထဲမှ တက်ရောက်လာသူ (၃၀) မျှသာ ရှိပါသည်။ သင်တန်း အမှတ်စဉ် (၁) ဒုတိယနေ့တွင် သင်တန်းသား (၄၀) ဦး ရှိရာ ထို အထဲမှ ၁၅ ဦးမှာ ကြိုတင် register လုပ်ထားခြင်းမရှိပဲ ကျွန်တော့်ထံ ဖုံးဆက်ခွင့်တောင်းကာ တက်ရောက်လာသူများ ဖြစ်ပါသည်။ ကျွန်တော်ကလည်း လာသာ လာခဲ့ပါ၊ နေရာလွတ်ရှိလျှင် တက်နိုင်ပါသည် ဟု ပြောလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် phone message ပို့ပါလျှက် လာမတက်လျှင် ပျက်ကွက် ဟု သတ်မှတ်လိုက်သောကြောင့် ဖြစ်ပါ၏။
ထိုသူများထံ ဒုတိယအကြိမ် ထပ်မံ phone message ပို့ပါဦးမည်။ ဤအကြိမ်တွင်မှ လာရောက် မတက်လျှင် ကား စာရင်းမှ အပြီးတိုင် ပယ်ဖျက်လိုက်မည် ဖြစ်ပါသည်။
No comments:
Post a Comment