Thursday, January 28, 2010

ပညာဒါနသင်တန်းများ စတင် ဖွင့်လှစ်ခြင်း

ပညာဒါနသင်တန်းများ စတင် ဖွင့်လှစ်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းဖွင့်ရက်နှောင့်နှေး ကြန့်ကြာခဲ့ရသော်လည်း ပညာဒါနသင်တန်း အမှတ်စဉ် (၁) ကို ၂၄-၀၁-၂၀၀၉ တနင်္ဂနွေနေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

သင်တန်းတက်ရန် register လုပ်လာသူ ၁၈၀ (သင်တန်းဖွင့်သည့်နေ့ထိ) ရှိ၏။
ကျွန်တော်ရန်ကုန်မှ ပြန်ရောက်ရောက်ချင်း ကိုဌေးဝင်းနိုင်နှင့် တိုင်ပင်ကာ သင်တန်းခန်းမကြေး သွားသွင်းလိုက်၏။ စင်ကာပူဝါဒကား ပိုက်ဆံမပါလျှင် စကားမပြောနှင့် ဟူသောဝါဒ ဖြစ်သဖြင့် ပိုက်ဆံမပေးဘဲ အခန်းကြိုငှားလို့ မရ။ ပိုက်ဆံပေးလိုက်လျှင် တစ်ခါတည်း confirm လုပ်ပြီးသား ဖြစ်သွားတော့သည်။ သို့နှင့် အချိန်ဆွဲမနေတော့ပဲ အနီးဆုံး အားသည့်စနေနေ့တွင် အခန်းခလည်း ပိုက်ဆံပေး နောက်သင်တန်းများအတွက်လည်း ညှိခဲ့၏။

၂၄-၀၁-၂၀၁၀ မှ စပြီး ပထမသင်တန်း ၆ ပတ်ဖွင့်မည်။ သို့သော် တရုတ်နှစ်ကူးတွင် ကျောင်းပိတ်မည် ဖြစ်၍ သင်တန်း လည်းနားရမည်။ သို့အတွက် အမှတ်စဉ်(၁) သင်တန်းရက်များမှာ - 24/1/10, 31/1/10, 7/2/10, 28/2/10, 7/3/10, 14/3/10 ဖြစ်သွား၏။ (Feb 14, 21) နေ့များတွင် ကျောင်းပိတ်သည်။

ဟိုစရိတ်၊ သည်စရိတ်များမပါ သင်တန်းခန်းငှားခချည်း ထို ၆ ချိန်အတွက် ၁၂၃၀ ကျ၏။ အကုန်အကျသက်သာ စေရန် ကိုဌေးဝင်းနိုင်က သူ့မိတ်ဆွေထံမှ projector ငှားလာပါ၏။ ကျေးဇူးအထူးတင်ပါသည် ကိုဌေးဝင်းနိုင်။

နောင်ခါလာ နောင်ခါဈေး သဘောထားကာ သင်တန်းခန်းမကြေးချေလိုက်ပြီ ဖြစ်သဖြင့် မိတ်ဆွေများထံ အပူတပြင်း အလှူခံရ၏။ မိတ်ဆွေများ၏ သဒ္ဓါတရားဖြင့် အပတ်စဉ်(၁) အခန်းကြေး ပြေလည်သွားပါ၏။ ကျေးဇူးတင်ပါသည် မိတ်ဆွေများခင်ဗျား။ (နောက်သင်တန်းများအတွက်လည်း ဆက်လက်အားပေးပါဦး)



သင်တန်းဖွင့်သည့်နေ့ထိ register လုပ်လာသူ ၁၈၀ ရှိပါသည်။ သင်တန်းခန်းမမှာ လူ ၅၀ ဆန့် ဖြစ်၏။ သို့သော် အမှတ်စဉ် ၁ မှ ၇၀ ထိတွင် English သီးသန့်၊ Piping သီးသန့်၊ Report သီးသန့် သင်လိုသူ ၁၉ ဦးရှိသဖြင့် ထိုသူများကို သီးသန့်သင်မည်ဟု စိတ်ကူးလျှက် ထို ၇၀ ထံ ၂၄ ရက်နေ့ သင်တန်းစဖွင့်မည့် အကြောင်း telephone message ပို့လိုက်၏။ သုံးမျိုးလုံးသင်လိုသူ ၅၀ ကို ပထမသင်မည်။ ကျန်သည့် သီးသန့်သင်လိုသူများအတွက် နောက် အပတ် ဆက်စီစဉ်ပေးမည်။

သို့သော် တကယ်လာတော့ ၃၇ ဦး(ဖိတ်လိုက်သူ၏ ၅၀%ကျော်မျှ) သာလာသည်။ သင်တန်းခန်းမကို လူ ၅၀ စာပေး ထားရသည့်အတွက် ကျွန်တော် ဘာမှရွေးနေလို့မရတော့ပဲ လာသည့်သူများကိုသာ သုံးမျိုးလုံး သင်လိုက်ပါသည်။
ပိုက်ဆံခြွေတာသည့်အနေနှင့် နောက်ထပ်လူ၃၀ ကို သင်တန်း ဒုတိယနေ့တွင် လာတက်ရန် ထပ်ဖိတ်လိုက်ပါသည်။ (လူ ၃၀ ဖိတ်မှ ၁၅ ဦးခန့်သာလာလိမ့်မည်။) မလာချင်တော့လည်းနေပေါ့။ လာသည့်သူများကို တကယ်လိုချင်သူများ ဟု သဘောထားဘို့သာ ရှိပါတော့၏။

No comments:

Post a Comment